တရားရုံးသို့ အမှုလာရောက်ရင်ဆိုင်စဉ် အသတ်ခံရ

0
446

မန္တလေး၊ ဇန်နဝါရီ ၁၀၊ ၂၀၁၈

မန္တလေးမြို့ ၊ချမ်းမြသာစည်မြို့နယ် တရားရုံးအနီး ၇၈ လမ်းပေါ်တွင် ဇန်နဝါရီလ ၁၀ ရက်နေ့၊ နေ့လည် ၁ နာရီခန့်က လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အမှတ်(၁၁) နယ်မြေရဲစခန်း က သိရသည်။

သေဆုံးသူသည် ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်တွင် နေထိုင်သော ဒေါ်ဝင်းကြည် (၆၆)နှစ်ဖြစ်ပြီး တရားရုံးသို့ အမှုလာရောက်ရင်ဆိုင်ချိန်တွင် အသတ်ခံရခြင်းဖြစ်သည်။

“ကနဦးကတော့ သေဆုံးသူရဲ့ ချွေးမက ကားနဲ့လိုက်ပို့တာ အပေါက်ဝမှာ ချထားပေးခဲ့တယ် ။ သူက အရိပ်မှာ ကားထိုးဖို့ လုပ်နေတုန်း အသတ်ခံရတာဖြစ်တယ် ။ သတ်တဲ့လူက ဓါးနဲ့ထိုးသွားတာဖြစ်တယ် ” ဟု ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁) နယ်မြေရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူကို သတ်သွားသူမှာ အသက် (၃၀) ခန့်ရှိပြီး သေဆုံးသူမှာ အသရေဖျက်မှုဖြင့် နတ်ရေကန်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး က တရားစွဲဆိုထားကြောင်း သိရသည် ။

“အမှုက အမရပူရတရားရုံးကနေ ချမ်းမြသာစည်တရားရုံးရောက်လာတာ အမရပူရမှာ စစ်ထားတဲ့အမှုတွဲကိုက အထူကြီး ဒီမှာလည်း အမှုကကြာနေပြီ ။ သူကလည်း ပြန်တရားစွဲထားတာတွေ ရှိတယ် လို့တော့ သိရတယ်”ချမ်းမြသာစည်မြို့နယ် တရားရုံး မှ ဝန်ထမ်းတစ်ဦး က ပြောသည်။

ယင်းအမှုနှင့် ပတ်သတ်ပြီး အမှတ်(၁၁) နယ်မြေရဲစခန်းတွင် (ပ)၂၆/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ သတ်ခံရသူ၏ ချွေးမဖြစ်သူ ဒေါ်လတ်လတ်မြတ် က တရားလိုပြုလုပ်အမှုဖွင့်ထားပြီး တရားခံဖမ်းစီးရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

နိုင်လင်ဦး

Leave a Reply