ရတနာပုံတက္ကသိုလ်​ကျောင်းသားနှစ်​ဦးပါ (၃) ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

0
176

ဖေ​ဖေါ်ဝါရီ ၎
နိုင်လင်းဦး

မန္တလေးမြို့ မ​ဟာ​အောင်​​မြေမြို့နယ်​ မဟာနွယ်​စဉ်​ရပ်​ကွက်အတွင်းရှိ ​နေအိမ်​တစ်​ခုတွင် သတင်းအရဝင်ရောက်ရှာဖွေရာ ရတနာပုံတက္ကသိုလ်​ကျောင်းသားနှစ်​ဦးပါ (၃) ဦးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က သိရသည် ။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့က ၃၈ လမ်း၊ ၇၂လမ်းနှင့်​ ​၇၃ လမ်းကြားရှိ ​နေအိမ်​တစ်​ခုအား မူးယစ်​သတင်းအရဝင်​​ရောက်​ရှာ​ဖွေရာ ​နေအိမ်​အ​ပေါ်ထပ်​​ အ​နောက်​ခန်းအတွင်းတွင်​ ရတနာပုံတက္ကသိုလ်၊ ဘူမိ​ဗေဒ၊ ​နောက်​ဆုံးနှစ်ကျောင်းသား ပြည့်စုံသန့် (ခ) သတိုး နှင့်​ မူးယစ်​​ဆေးဝါးသုံးစွဲရန်​​ရောက်​ရှိ​နေသည့်​ စိုင်းကျော်သန်း(ခ)ကျော်သန်း တို့ကို တွေ့ရှိခဲ့ပြီး ​နေအိမ်​​ရှေ့ခန်းတွင်​ ရတနာပုံတက္ကသိုလ်၊ဘူမိ​​ဗေဒ၊ တတိယနှစ်​ကျောင်းသာ သက်​ခိုင်​ တို့​တွေ့ရှိခဲ့​သည်။

ထိုအိမ်​အား ဆက်​လက်​ရှာ​ဖွေရာ ​နေအိမ်​​နောက်​ခန်းအတွင်းရှိ အိပ်​ယာ​ပေါ်မှ WY စာတန်းပါ လိ​မ္မော်​​ရောင်​စိတ်​ကြွရူးသွပ်​​ဆေးပြား ၇၃ ပြား (တန်​​ဖိုး​ငွေကျပ်​ ၂၁၉၀၀၀ ကျပ်​)နှင့်​ အိပ်​ရာ​ခြေရင်းရှိ ဘီရိုအတွင်းမှ ရောင်စုံ ဆပ်ပြာခွက် ၆ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ အလေးချိန် ၆၆ ဂရမ်၊ (တန်​ဖိုး​ငွေကျပ်​ ၄၆၂၀၀၀၀ တန်​ဖိုး) ၊ မူးယစ်​​ဆေးဝါးသုံးစွဲရာတွင်​အသုံးပြုသည့်​ ဆက်​စပ်​ပစ္စည်းများကို သိမ်းဆည်းရမိခဲ့​​ကြောင်း သိရသည်။

ယင်းဖြစ်​စဉ်​နှင့်ပတ်​သက်​၍ ပြည့်စုံသန့် (ခ) သတိုး၊ စိုင်းကျော်သန်း (ခ) ကျော်သန်းနှင့်​ သက်​ခိုင်​တို့အား မဟာ​အောင်​မြို့မရဲစခန်းတွင်​ မယ(ပ)၅/၂၀၁၉၊ မူးယစ်​​ဆေးဝါးနှင့်​စိတ်​ကို​ပြောင်းလဲ​စေတတ်​​သော​ဆေးဝါးများဆိုင်​ရာဥပ​ဒေပုဒ်​မ – ၁၉(က)/၂၁ ဖြင့် အမှုဖွင့်​ဖမ်းဆီးထား​ကြောင်း သိရသည်။

Leave a Reply