ကယားပြည်နယ်လွှတ်တော်ကို အယုံအကြည်မရှိ၍ လွှတ်တော်ရေးရာ ကော်မတီအဖွဲ့ဝင် လေးဦးနှုတ်ထွက်

0
152

ရန်ကုန် ၊ ဇန်န၀ါရီ ၁၀ ၊ ၂၀၁၈

ကယားပြည်နယ် လွှတ်တော်၏ လူထု၏တိုင်ကြားစာများနှင့်ပတ်သတ်၍ လွှတ်တော်၏လုပ်ဆောင်ချက်များသည်ပြည် သူလူထုအတွက် ထိရောက်သည့် လုပ်ဆောင်ချက်များလုပ်ဆောင်မပြနိုင်ခြင်းကြောင့် လွှတ်တော်အား အယုံမကြည်ရှိတော့၍ ကယားပြည်နယ်လွှတ်တော် တိုင်စာ၊ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီဝင် အဖြစ်မှမိမိအပါအ၀င် လေးဦးနှုတ်ထွက် ကြောင်း မော်မိုးမြာကပြောသည်။

“ပြည်နယ်နဲ့ပတ်သတ်တဲ့အရေးကိစ္စတွေမှာ လွှတ်တော်ရေးရာ ကော်မတီနဲ့ လွှတ်တော်ကဆောင်ရွက်ပေးရမည့်ဟာကို လုပ်ဆောင်ဖို့ နှောင့်နှေးနေတာတွေတာဝန်ရှိတဲ့သူတွေရဲ့လစ်လျူရှုနေတာတွေကြောင့် ဆက်လက်ထမ်းဆောင်ဖို့အတွက် လွှတ်တော်ကို အယုံအကြည် မရှိတော့လို့ နှုတ်ထွက်ခဲ့တာပါ”ဟု မော်မိုးမြာကပြောသည်။

၂၀၁၆ခုနှစ်က တိုင်စာ၊ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီတွင် ပါဝင်ရန်အတွက် ပြည်နယ်အတွင်းရှိ အရပ်ဖက်လူမှု အဖွဲ့အစည်းများကို ပါဝင်ရန်ဖိတ်ခေါ်ခဲ့ပြီး ကော်မတီသက်တမ်း၁နှစ်ကျော်ချိန်အထိ ကော်မတီအနေဖြင့် ပြည်သူလူထု အတွက်ထိရောက်သည့် လုပ်ဆောင်ချက်များ ပြုလုပ်နိုင်ခဲ့ခြင်းမရှိကြောင်း၎င်းကဆိုသည်။

“ကျွန်မတို့၁နှစ်ကျော်သက်တမ်းအတွင်း မြေယာနဲ့ပတ်သတ်တဲ့ ကြားနာမှု၂ခါတက်ခဲ့ရတယ် လွှတ်တော်ဥက္ကဋ္ဌတွေ ကော်မတီ အဖွဲ့ဝင်တွေပါတဲ့အစည်းအဝေးသုံးလေးကြိမ်လောက်တက်ခဲ့ရ
တယ် “ဟု၎င်းကပြောသည်။

ယင်းကော်မတီဝင်အဖြစ်မှ မော်မိုးမြာနှင့်အတူ နော်ဖော်ဝါး၊ ခူးတူရယ်နှင့်ဦးအန်းဂျေလိုတို့ အတူနှုတ်ထွက်ခဲ့ခြင်းဖြစ်သည်။
KNPPတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦးသေဆုံးမှုအတွက် အမှုမှန်ပေါ်ပေါက်ရေးဆန္ဒထုတ်ဖော်ခဲ့သည့် ကရင်နီလူ ငယ်၅ဦးကို ဖမ်းဆီးတရားစွဲဆိုထားသည့် ကိစ္စနှင့်ပတ်သတ်၍ ပြည်နယ်လွှတ်တော် အနေဖြင့် မည်သည့်လုပ်ဆောင်မှုမှ စတင်လုပ်ဆောင်ခြင်းမရှိကြောင်း ၎င်းကဆိုသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သတ်၍ တာဝန်ရှိသူများသည် အရပ်သား သတ်ဖြတ်ခံရမှုကိုလျစ်လျူရှု၍ ဆန္ဒထုတ်ဖော်သည့် လူငယ်များကို သာတရားစွဲဆိုခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကယားပြည်နယ်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်ဥပဒေ ပြုရေးကဏ္ဍသုံးရပ်လုံးသည် ပြည်သူကိုအကာအကွယ်မပြုနိုင်တော့ပဲ ဖိနှိပ်အားပြုနေသောကြောင့် ကယားပြည်နယ် လွှတ်တော်၏ ပြည်သူအပေါ် ကိုယ်စားပြုမှုကို အယုံအကြည်မရှိတော့သောကြောင့် ကော်မတီအဖွဲ့ဝင်အဖြစ်မှ နှုတ် ထွက်ကြောင်း ဦးအန်းဂျေလိုက ယနေ့ရက်စွဲဖြင့် ကယားပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံသို့ နှုတ်ထွက်စာပေးပို့ခဲ့ ကြောင်းသိရသည်။

ယင်းကိစ္စနှင့်ပတ်သတ်၍ လွှတ်တော်ဥက္ကဋ္ဌဦးလှသွေးက နေပြည်တော်သို့ ခရီးလွန်နေသဖြင့် မသိရှိရသေးကြောင်း ပြောဆိုသည်။

“ကျွန်တော်တစ်ခုတော့ မက်ဆေ့တစ်ခုတော့ပေးချင်ပါတယ်။ သူတို့ အနေနဲ့ ဥပဒေနဲ့ဥပဒေပြုရေးအဖွဲ့ထဲကိုရောက်လာ တာဟာ ကယားပြည်နယ်ကပြည်သူတွေကိုအလုပ်အကျွေးပြုဖို့လား ကိုယ့်ပေါ်ပြူလာဖြစ်ဖို့တစ်ခုတည်းအတွက်လား ဆိုတာပဲမေးပေးပါ”ဟု ဦးလှသွေးကပြောသည်။

လွိုင်ကော်မြို့နယ်တရားရုံးတွင်တရားစွဲဆိုထားသည့် ကရင်နီ လူငယ်၅ဦး၏ယနေ့ရုံးချိန်းတွင် တရားလိုပြသက်သေများ ကိုဆက်လက် စစ်ဆေးခဲ့ပြီး ဇန်န၀ါရီ၁၂ရက်နေ့သို့ ထပ်မံချိန်းဆို ထားကြောင်း သိရသည်။

ကိုဥာဏ်

Leave a Reply