သရုပ်ဆောင်ဝေဠုကျော်အမှု တရားသူကြီးအပြောင်းအရွေ့ကြောင့် မစစ်ဆေးနိုင်

0
80

ဖေ​ဖော်​ဝါရီ ၅
သော်​လင်းထက်

အလှမယ်​သင်းသင်းနှင့်​သရုပ်​​ဆောင်​​ဝေဠု​ကျော်​တို့အမှု ဒုတိယအကြိမ်​​မြောက်​ရုံးချိန်းအားတရားသူကြီးအပြောင်းအရွှေ့ကြောင့်​ အမှုကိုစစ်​​ဆေးနိုင်​ခြင်းမရှိဘဲ ရုံးချိန်းသာပြန်​လည်​ချိန်းဆိုခဲ့သည်​။

ယ​နေ့ဒုတိယအကြိမ်​မြောက်​ ရုံးချိန်းသို့ တရားလိုဖြစ်​သူ မော်​ဒယ်​ သင်းသင်းနှင့်​ စွပ်​စွဲခံရသူ သရုပ်​ဆောင်​ ဝေဠုကျော်​လာ​ရောက်​ခဲ့သည်​။

အမှုကို ပုံမှန်​စစ်​ဆေးရမည့်​ တရားသူကြီးသည်​ မကြာမီရက်​ပိုင်းတွင်​ နယ်​တရားရုံးသို့ ပြောင်းရွှေ့သွားမည်​ဖြစ်​သောကြောင့်​ ယ​နေ့ရုံးချိန်းမစစ်​ဆေးဘဲ ရုံးချိန်းကိုသာ ပြန်​လည်​ချိန်းဆိုခဲ့သည်။

အမှုမှာ တရားသူကြီး အပြောင်းအလဲဖြစ်​ပေါ်ပါက စွပ်​စွဲခံရသူဘက်​က အမှုကို ပြန်​လည်​ စစစ်​ဖို့ တောင်းဆိုခွင့်​ရှိပြီး အမှုကိုစစ်​ဆေးလည်း ထူးခြားမှုမရှိနိုင်​သောကြောင့်​ နှစ်​ဖက်​ရှေ့နေတွေက ရုံးချိန်းပေးဖို့သာ တင်​ပြခဲ့ခြင်းဖြစ်​သည်​။

လာမည့်​ရံးချိ​န်းကို ဖေဖော်​ဝါရီ ၁၉ ရက်​နေ့သို့ ပြန်​လည်​ချိန်းဆိုထားပြီး တရားသူကြီး အသစ်​မှစတင်​စစ်​ဆေးသွားမည်​ဖြစ်​သည်​။

Leave a Reply