ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်းဖြင့် PSG ကွင်းလယ်လူကို မန်ယူခေါ်ယူနိုင်ခဲ့ပြီဟု သတင်းများထွက်ပေါ်

0
161

ဇန်န၀ါရီ ၁၀ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်သည် ပြင်သစ်လိဂ်ဝမ်း PSG အသင်းမှ ဘရာဇီး ကွင်းလယ်လူ လူးကပ်မိုရာကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပြီဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျှက်ရှိသည်။

မန်ယူနည်းပြ မော်ရင်ဟိုသည် ပြီးခဲ့သည့် အပြောင်းအရွှေ့ဈေးကွက်တွင် တိုက်စစ်သို့ လိုက်ပါနိုင်သော တောင်ပံကစားသမားတစ်ဦးကို ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း အပြောင်းအရွှေ့ပိတ်ချိန်အထိ အထမြောက် အောင်မြင်ခဲ့ခြင်း မရှိခဲ့ချေ။ထို့ကြောင့် ဇန်န၀ါရီ အပြောင်းအရွှေ့ကာလ တွင် လူးကပ်မိုရာကို ခေါ်ယူရန် ကြိုးစားခြင်းဖြစ်ကြောင်း Gazzetta dello အားကစားသတင်းဌာနက ဖော်ပြထားသည်။

လက်ရှိအချိန်တွင် လူးကပ်မိုရာ၏ အပြောင်းအရွှေ့အတွက် မန်ယူနှင့် PSG တို့အကြား ဆွေးနွေးရန် ကျန်ရှိနေပြီး PSG အနေဖြင့် နေမာကို ပြောင်းရွှေ့ကြေး မြင့်မားစွာဖြင့် ခေါ်ယူခဲ့မှုကြောင့် အသင်း၌ ရှိနေသော ကစားသမားများကို ဘဏ္ဍာရေးအရ ပြန်ရောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်သည်။

ဥရောပအခြေစိုက် သတင်းများအရ ယူနိုက်တက်သည် လူးကပ်မိုရာကို ရာသီအကုန်အထိ အငှားစာချုပ်ဖြင့် ကနဦးခေါ်ယူပြီး ဘောလုံးရာသီ အသစ် စတင်ချိန်တွင် တရားဝင်စာချုပ်ဖြင့် ခေါ်ယူရန်စီစဉ်နေကြောင်း သိရသည်။ သို့သော် PSG သည် စာချုပ်သက်တမ်း (၂) နှစ် ကျန်နေသေးသော ၄င်းတို့၏ ကစားသမားကို ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်းဖြင့် အပြီးသတ်ရောင်းထုတ်ရန် ပြင်ဆင်နေကြောင်း သိရသည်။

လူးကပ်မိုရာသည် ၂၀၁၃ ခုနှစ်တွင် ဘရာဇီးကလပ် ဆာအိုပေါ်လိုမှ PSG သို့ စတင်ရောက်ရှိခဲ့ပြီး PSG အတွက် ပွဲပေါင်း ၂၂၈ ပွဲ ကစားပြီး ၄၅ ဂိုးအထိ သွင်းယူပေးထားသည်။

NN

Leave a Reply