နန္ဒမာလာအမှု ကျန်းမာ​ရေး​အခြေအနေကြောင့် မစစ်​ဆေးဖြစ်

0
160

ဖေဖော်ဝါရီ ၅
ဝေယံ

ငွေကျပ်သိန်းပေါင်းများစွာအား လိမ်လည်မှုဖြင့် ဖမ်းဆီးတရားစွဲဆိုခံ ထားရသော ထန်ဏီဝင်းပြည့် (ခ) နန္ဒမာလာအား လှိုင်မြို့နယ်တရား ရုံးတွင် ရုံးထုတ်ခဲ့သော်လည်း ကျန်းမာရေးအခြေအနေကြောင့် မစစ်ဆေးဖြစ်ကြောင်းသိရသည်။

ယနေ့ရုံးချိန်းသည် လှိုင်မြို့နယ်တရားရုံးတွင် သုံးကြိမ်မြောက်ရုံးချိန်းဖြစ် ပြီး ဇန်နဝါရီ ၁၅ ရက်က ကျပ်သိန်းတစ်သောင်းတန် အာမခံအား ယနေ့ရုံးချိန်တွင် တင်ပြနိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

“အဲ့ဒါ​တော့ မသိဘူးဗျာ သူက​တော့ စိတ်​ကျန်းမာ​ရေးဘာညာကိစ္စဆိုတဲ့ ကြားလိုက်​တာက​တော့ ရွာသာကြီးလား ဘာလားမသိပါဘူး အဲ့ဒီက ဆရာဝန်​ရဲ့ တရားရုံး​ထောက်​ခံချက်​လိုတယ်​ဆိုတာ ​ပြောသွားတာ​တော့ ရှိတာ​ပေါ့ ” ယ​နေ့ရုံးချိန်းအပြီးတွင်​ တရားစွဲဆိုထားသူ ကို​နေမျိုးက ​ပြောကြားခဲ့သည်​။

နန္ဒမာလာ၏ ကျန်းမာ​ရေး​ကြောင့်​ အမူသည်​ အချိန်​​နှောင်း​နှေး​နှေးသဖြင့်​ တရားလိုဘက်​က နစ်​နာ​ကြောင်း ဆက်​လက်​​ပြောခဲ့သည်​။

နောက်​လာမည်​ ရုံးချိန်းကို ​ဖေ​ဖော်​ဝါရီ (၁၅)ရက်​သို့ ပြန်​လည်​ချိန်းဆိုးလိုက်​​ကြောင်း သိရသည်​။

Leave a Reply