ဘိုကာဂျူနီယာတိုက်စစ်မှူးကိုခေါ်ယူမည့် အာဆင်နယ်အသင်း

0
183

ဇန်န၀ါရီ 10 – 2018

အာဆင်နယ်အသင်းသည် အာဂျင်တီးနားကလပ်ဖြစ်သည့် ဘိုကာဂျူနီယာအသင်းမှ တိုက်စစ်မှူး ခရစ္စတီရန် ပါဗွန် ကို ပြောင်းရွှေ့ကြေး ပေါင် ၂၇ သန်းဖြင့် ခေါ်ယူရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

အာဆင်နယ်အသင်းသည် ဇန်န၀ါရီအပြောင်းအရွှေ့တွင် အသင်း၏ တိုက်စစ်မှူး ဆန်းချက်ဇ်ကို လက်လွှတ်ရဖွယ်ရှိနေသောကြောင့် ဆန်းချက်ဇ်၏ နေရာကို အစားထိုးနိုင်ရန် အာဂျင်တီးနား ဆယ်ကျော်သက် လူငယ်တိုက်စစ်မှူး ပါဗွန်ကို ခေါ်ယူလိုခြင်းဖြစ်သည်။

အာဂျင်တီးနားနိုင်ငံမှလာသော သတင်းများအရ အာစင်ဝင်ဂါးသည် ဘိုကာဂျူနီယာအသင်း၏ တာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ပါဗွန်ကို ပေါင် ၂၇ သန်းဖြင့် လန်ဒန်သို့ ခေါ်ယူရန် သဘောတူနိုင်ခဲ့ပြီဟု ရေးသားထားသည်။

အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်သော ပါဗွန်သည် အာဂျင်တီးနားအသင်း အတွက် (၂)ပွဲဝင်ရောက်ကစားထားပြီး အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကဲ့သို့ ကစားပုံ ဆင်တူကြောင်း သိရသည်။ထို့ပြင် ပါဗွန်သည် ၂၀၁၈တွင် ကျင်းပမည့် ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ၌ အာဂျင်တီးနား အသင်း၏ လူစာရင်းတွင် ပါဝင်လျှက်ရှိသည်။

NN

Leave a Reply