ရခိုင်တွင် လှေနစ်သေဆုံးခဲ့သူ ၃ ဦး၏ မိသားစုဝင်များကို ကျပ် ၇ သိန်းစီထောက်ပံ့

0
193

ရန်ကုန် ၊ ဇန်န၀ါရီ ၁၀ ၊ ၂၀၁၈

ရခိုင်ပြည်နယ် ၊ ပုဏ္ဏားကျွန်းမြို့နယ် ငှက်ကြီးကျွန်းနှင့် အင်ဇုံပြင်ကျေးရွာကြားရှိ ချောင်းထဲတွင် လှေနစ်သေဆုံးခဲ့သည့် ကျောင်းသူနှစ်ဦးနှင့် ကူးတို့သမား အတွက် တစ်ဦးလျှင်ကျပ် ၇ သိန်းစီထောက်ပံထားကြောင်း ပုဏ္ဏားကျွန်းမြို့နယ် ပညာရေးမှူး ဦးထွန်းရွှေကပြောသည်။

“ကျွန်တော်တို့အားလုံးဝိုင်းကူညီပေးနေပါတယ်။ရခိုင်ပြည်နယ်အစိုးရက တစ်ဦးကို သုံးသိန်း၊ လူကယ်ပြန် က တစ်ဦးကိုသုံးသိန်း၊ ကျွန်တော်တို့ ပညာရေးဘက်က တစ်ဦးကို ၁ သိန်းစီ နဲ့ သေဆုံးသူတွေရဲ့ တစ်မိသားစုကို၇သိန်းစီကူညီပေးထားပါတယ်”ဟုဦးထွန်းရွှေက
ပြောသည်။

ဇန်နဝါရီလ ၉ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ငှက်ကြီးကျွန်းနှင့် အင်ဇုံပြင်ကျေးရွာကြားရှိ ပေ ၂၀၀ ကျော်ကျယ်သည့် ချောင်းထဲတွင် ကျောင်းသား ၃ ဦးနှင့် ကျောင်းသူ ၃ ဦးကို တင်ဆောင်လာသည့် လှေမှာ တစ်ဖက်ကမ်းရောက်ခါနီး ပေ ၂၀ အလိုတွင် နစ်မြုပ်ခဲ့ခြင်းဖြစ်ပြီး ၅ တန်းကျောင်းသူတစ်ဦး၊ ၆ တန်းကျောင်းသူတစ်ဦးနှင့် ကူတို့သမားတို့မှာ သေဆုံးခဲ့ခြင်းဖြစ်သည်။ ကျန်လေးဦးမှာ အသက်ရှင် ကျန်ရစ်ခဲ့ကြောင်း သိရသည်။

“ကလေးမလေးတွေကို လည်းပြန်တွေ့ပါပြီ ။ ည ၆ နာရီလောက်မှာ ၂ လောင်းပြန်တွေ့ပါတယ်။ ၆ တန်းကလေးရဲ့အလောင်းကိုတော့ ည ၉ နာရီလောက်မှာ ပြန်တွေ့တာပါ”ဟု ဦးထွန်းရွှေက ဆက်ပြောသည်။

အဆိုပါ ကျောင်းသားကျောင်းသူများကို တင်ဆောင်လာသည့် လှေမှာ ဆွေးမြေ့ဟောင်းနွမ်းနေပြီ ဖြစ်သလို ၊ အသက်ကယ်အင်္ကျီများလည်း မထားရှိကြောင်းသိရသည်။

သေဆုံးသွားသည့် ၃ ဦးမှာ ကူးတို့မောင်းနှင်သူ ဦးစောဖြူ၊ ဆဌမတန်းကျောင်းသူ မကျော့ဆန်းခင်နှင့် ပဉ္စမတန်းကျောင်းသူ မချိုဝင်းဦးတို့ဖြစ်သည်။

၂၀၁၆ ခုနှစ် ဇွန်လ ၁ ရက်နေ့ကလည်း လူ ၂၀ ခန့် ဆန့်သည် လှေတွင် ၃၅ ဦးထက် မနည်း တင်ဆောင်ခဲ့မှုကြောင့် ပုဏ္ဏားကျွန်းမြို့ ပီုးရွှီပြင်ကျေးရွာမှ ကျောင်းသားကျောင်းသူ ၇ ဦးသေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယခုကဲ့သို့ သေဆုံးမှုများနှင့် ပတ်သက်၍ မြစ်ချောင်းများကို ဖြတ်သန်းလျက် ပညာသင်ယူနေကြသည့် ကျောင်းသားကျောင်းသူများ စီးနင်းသော လှေများတွင် အသက်ကယ် အင်္ကျီများ အလုံအလောက် ထုတ်ပေးရန်နှင့် လူပိုမတင်ရန်၊ ပျက်စီးဟောင်းနွမ်းလှေများကို အသုံးမပြုရန် ညွှန်ကြားထားသည်။

ထို့အပြင် ၂၀၁၅ ခုနှစ် မတ်လ ၁၉ ရက်နေ့ကလည်း ရခိုင်ပြည်နယ်တွင် ရခိုင်ကမ်းရိုးတန်းပြေး အောင်တံခွန် အမှတ် (၃) သဘောင်္ာနစ်မြုပ် မှုကြောင့် လူ ၁၀၀ ထက်မနည်း သေဆုံးခဲ့ရသည်။

ဖြိုးဖြိုး

Leave a Reply