ဖေဖော်ဝါရီ ၉
နိုင်ငံတကာသတင်း
လာမယ့်လမှာကျင်းပမယ့်ထိုင်းရွေးကောက်ပွဲမှာ ဝန်ကြီးချုပ်အဖြစ်ရွေးကောက်ခံဖို့စီစဉ်နေတဲ့ညီမတော်ရဲ့မကြုံစဖူးလုပ်ရပ်ကို ရှုတ်ချတယ်လို့ ထိုင်းဘုရင် ဝိဇယလောင်ကွန်းကပြောပါတယ်။
ညီမတော်ရဲ့လုပ်ရပ်ဟာ ထိုင်းယဉ်ကျေးမှုကနေ အံချော်နေတယ်လို့ မနေ့ကညပိုင်းက နန်းတော်ရဲ့ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
ထိုင်းနိုင်ငံကနေထွက်ပြေးခဲ့တဲ့ဝန်ကြီးချုပ်ဟောင်းသက်ဆင် ရှင်နာဝပ်ထရာနဲ့နီးစပ်တဲ့နိုင်ဂံရေးပါတီ ထိုင်းရက်ဆာချာ့ပါတီကို ကိုယ်စားပြုပြီး နတ်ရွာစံခဲ့တဲ့ဘုရင် ဘူမိဘောရဲ့သမီးတော်အကြီးဆုံးလည်းဖြစ်၊ ဘုရင်ဝိဇယလောင်ကွန်းရဲ့အစ်မလည်းဖြစ်တဲ့ အသက်(၆၇)နှစ်အရွယ် ယူဘော်ရာတာနာ မဟီဒေါက ဝန်ကြီးချုပ်အဖြစ်ဝင်ရွေးကောက်ခံဖို့ မနေ့က ထိုင်းရွေးကောက်ပွဲကော်မရှင်ဆီ လျှောက်လွှာတင်ခဲ့ပါတယ်။
မင်းသမီးရဲ့လုပ်ရပ်ဟာ နိုင်ငံရေးနဲ့ဝေးဝေးနေလေ့ရှိတဲ့ထိုင်းတော်ဝင်မိသားစုရဲ့လုပ်ရပ်ကို ချိုးဖျက်လိုက်တာပါ။
ထိုင်းဘုရင်ရဲ့ထုတ်ပြန်ချက်ဟာ မတ်လ ၂၄ ရက်ထိုင်းရွေးကောက်ပွဲကနေ သူ့ကိုအရည်အသွေးမမီဘူးဆိုပြီး ထိုင်းရွေးကောက်ပွဲကော်မရှင်က မင်းသမီးရဲ့လျှောက်လွှာကို ပယ်ချနိုင်ချေရှိနေတယ်လို့ သုံးသပ်သူတွေကပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ ထိုင်းစစ်တပ်ကအာဏာသိမ်းခဲ့ပြီးနောက် ၅ နှစ်အကြာမှာ ကျင်းပတဲ့ထိုင်းရွေးကောက်ပွဲဟာ ထိုင်းနိုင်ငံကို ဒီမိုကရေစီစနစ်ပြန်ကျင့်သုံးနိုင်မယ့်အခွင့်အရေးတစ်ခုအနေနဲ့ စောင့်ကြည့်နေကြပါတယ်။
Source-BBC
#ဥက္ကာ
#TheFifthWaveNews