၅ လွှာတိုက်ခန်းမှ အမျိုးသားတစ်ဦးခုန်ချသေဆုံး

0
235

ရန်ကုန် ၊ ဇန်နဝါရီ ၁၀ ၊ ၂၀၁၈

ရန်ကုန်မြို့ ၊အလုံမြို့နယ် ဆင်မင်းရပ်ကွက်ရှိ တိုက်အမှတ် ၅၃ ၊ ငါးလွှာအမြင့်မှ အမျိုးသားတစ်ဦး ခုန်ချ သေဆုံးခဲ့ကြောင်း အလုံမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ သတင်းရရှိသည်။

ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ၊အလုံမြို့နယ် ဆင်မင်းရပ်ကွက် စက်တွင်းလမ်းရှိ တိုက်အမှတ် ၅၃ ၊ ငါးလွှာတွင် နေထိုင်သော ကိုအေးမင်းဟန် (ဘ) ဦးခင်မောင်ကြီး (၂၇) နှစ်သည်   ၅ လွှာတိုက်ခန်း၏ အပေါ်မှ  အနောက်ဘက် စက်တွင်းလမ်း နှင့် သိပ္ပံလမ်းအကြားသို့ ခုန်ချခဲ့ပြီး ဦးခေါင်း ဝဲဘက် ချိုင့်ဝင် ကြွေမွဒဏ်ရာဖြင့် နေရာတွင်ပင် သေဆုံးခဲ့သည်။ သေဆုံးသူ၏ အလောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ဦးခေါင်း ဝဲဘက် ချိုင့်ဝင် ကြွေမွဒဏ်ရာနဲ့ သေဆုံးတယ်။ အသေးစိတ်ကိုတော့ စုံစမ်းဆဲပါ” ဟု အလုံမြို့နယ် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါဖြစ်စဉ်ကို အလုံမြို့နယ်ရဲစခန်းမှ ၁/၂၀၁၈ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သတင်းရရှိသည်။

မြတ်ဟိန်းကျော်

Leave a Reply