ဘရာဇီးက ဖလာမင်​ဂို​ဘောလုံးအသင်းလေ့ကျင့်​​​ရေးကွင်း​​မီး​လောင်​လို့ လူငယ်​ကစားသမား ၁၀ ဦး​သေဆုံး

0
30

ဖေ​ဖော်​ဝါရီ ၉
နိုင်​ငံတကာသတင်း

မ​နေ့မနက်​အ​စောပိုင်းမှာ ဘရာဇီးနိုင်​ငံရဲ့အင်​အားအကြီးဆုံးနဲ့နိုင်​ငံတကာကသိကြတဲ့အသင်းကြီး​တွေထဲကတစ်​ခုဖြစ်​တဲ့ဖလာမင်​ဂိုအသင်း​လေ့ကျင့်​စခန်းမီး​လောင်​ကြခဲ့တာ​ကြောင့်​ လူငယ်​ကစားသမား ၁၀ ဦး​သေဆုံးခဲ့ပါတယ်​။

သေဆုံးတဲ့ကစားသမား​​​တွေအားလုံးက ဘရာဇီးနိုင်​ငံမြို့​တော်​ရီယိုဒီဂျ​နေရိုမှာရှိတဲ့ ဖလာမင်​ဂို​ဘောလုံးအသင်း​လေ့ကျင့်​​ရေးကွင်း နင်​ဟို ဒီအူယူဘူမှာ​နေထိုင်​ကြတဲ့ကစားသမား​တွေပါ။

နောက်​ထပ်​လူငယ်​ကစားသမား ၃ ဦးလည်း ဒဏ်​ရာရခဲ့ပြီး တစ်​ဦးက​တော့ စိုးရိမ်​ရတဲ့အ​ခြေအ​နေမှာရှိ​နေတာ​ကြောင့်​ အထူးကုသ​နေပါတယ်​။

ဘာ့​ကြောင့်​မီး​လောင်​သလဲဆိုတာကိုစုံစမ်း​နေပါပြီ။

အသင်းရဲ့(၁၂၃)နှစ်​သက်​တမ်းမှာ အခုဖြစ်​ရပ်​က အဆိုးဆုံးဆိုတာသံသယဖြစ်​စရာမရှိဘူးလို့ ဖလာမင်​ဂိုအသင်းဥက္ကဋ္ဌ ရို​ဒေါ်ဖို လန်​ဒမ်​က​ပြောပါတယ်​။

လတ်​တ​လောအ​ရေးအကြီးဆုံးလုပ်​ရမှာက​တော့ မိသားစု​တွေအတွက်​ နာကျင်​ခံစားရတာ​တွေ​လျော့​အောင်​လုပ်​ဖို့ပဲဖြစ်​တယ်​လို့လည်း ​ပြောပါတယ်​။

ဘရာဇီးဂန္တဝင်​​ဘောလုံးသမား ပီလီကလည်း ဖလာမင်​ဂိုဟာ ဘရာဇီးလူငယ်​ကစားသမား​တွေရဲ့အိပ်​မက်​​တွေကို စပြီးအ​ကောင်​အထည်​​ဖော်​တဲ့​နေရာဖြစ်​လို့ အခုဖြစ်​ရပ်​ဟာ ဘရာဇီး​ဘောလုံး​လောကအတွက်​ ဝမ်းနည်းစရာ​ကောင်းတဲ့​နေ့တစ်​​နေ့လို့​ပြောပြီး ဘရာဇီး​ဘောလုံးကြယ်​ပွင့်​​နေမာကလည်း ဒီဖြစိရပ်​​ကြောင့်​ စိတ်​ထိခိုက်​ခဲ့ရတယ်​လို့​ပြောပါတယ်​။

အဆုတ်​​ရောင်​​နေတာ​ကြောင့်​ ​ဆေးရုံမှာကုသ​မှုခံ​နေတဲ့ဘရာဇီးသမ္မတ ​ဂျား ​ဘော့ဆိုနာရိုကလည်း မိသားစု​တွေနဲ့ထပ်​တူဝမ်းနည်းမိတယ်​လို့ ​ဆေးရုံ​တက်​​နေတုန်း တွစ်​တာက​နေတဆင့်​ ဝမ်းနည်း​ကြောင်း​ပြောပါတယ်​။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply