အမေရိကန်ကျောထောက်နောက်ခံဆီးရီးယားတပ်ဖွဲ့များ အိုင်အက်စ်ဆန့်ကျင်ရေးနောက်ဆုံးတိုက်ပွဲဆင်နွှဲ

0
29

ဖေဖော်ဝါရီ ၁၀
နိုင်ငံတကာသတင်း

အမေရိကန်ကျောထောက်နောက်ခံပေးထားတဲ့ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့(S.D.F)တပ်ဖွဲ့တွေက အိုင်အက်စ်လို့သူတို့ကိုယ်သူတို့သတ်မှတ်ကြတဲ့ အစ္စလာမ်မစ်နိုင်ငံတော်အကြမ်းဖက်အဖွဲ့ နောက်ဆုံးထိန်းချုပ်ထားတဲ့ ဆီးရီးယားနိုင်ငံအရှေ့ပိုင်းကနယ်မြေတွေကို ပြန်သိမ်းဖို့ မနေ့က စစ်ဆင်ရေးတွေဆင်နွှဲခဲ့ကြပါတယ်။

လာမယ့်တစ်ပတ်လောက်မှာ အိုင်အက်စ်တွေပိုင်တဲ့နယ်မြေတွေအားလုံးကို သိမ်းပိုက်နိုင်ပြီဆိုတဲ့ အစီရင်ခံစာရဖို့ မျှော်လင့်တယ်လို့ ဗုဒ္ဒဟူးနေ့ကကျင်းပခဲ့တဲ့ အိုင်အက်စ်တိုက်ဖျက်ရေးညွှန့်ပေါင်းအဖွဲ့အစည်းအဝေးမှာ အမေရိကန်သမ္မတဒေါ်နယ် ထရမ့်ကပြောခဲ့ပြီးနောက် အခုစစ်ဆင်ရေးတွေဖြစ်လာတာပါ။

တပ်ဖွဲ့တွေတိုက်တဲ့နေရာက ဆီးရီးယား-အီရတ်နယ်စပ်နဲ့နီးပါတယ်။

ဒါပေမဲ့ ရုရှားနဲ့အီရန်နိုင်ငံတို့ကထောက်ပံ့ထားတဲ့ဆီးရီးယားအစိုးရအုပ်ချုပ်နေတဲ့ဆီးရီးယားနိုင်ငံတစိတ်တပိုင်းမှာတော့ အိုင်အက်စ်ထိန်းချုပ်ထားတဲ့နေရာတွေကျန်နေပါသေးတယ်။

အခုတိုက်ခိုက်မှုကနောက်ဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့ SDFအရာရှိ မူစတာဖာ ဘာလီက ရိုက်တာသတင်းအေဂျင်စီကို ပြောပြီး တိုက်ပွဲစပြီဆိုတာနဲ့ အဲဒီနယ်မြေဟာ မကြာခင်မှာ အိုင်အက်စ်တွေရှင်းလင်းသွားမယ်လို့ သူက တွစ်တာမှာရေးထားပါတယ်။

အဲဒီသိမ်းပိုက်ခံနယ်မြေက အရပ်သား ၂၀၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးဖို့ နောက်ဆုံး ၁၀ ရက်ကို SDFက စိတ်ရှည်ရှည်စောင့်ခဲ့ရတယ်လို့လည်း ဘာလီကပြောပါတယ်။

ဖေဖော်ဝါရီအကုန်မှာ အဲဒီနေရာကို သိမ်းပိုက်နိုင်ဖို့မျှော်လင့်ပေမဲ့ သိမ်းပိုက်ပြီးရင်တောင် အိုင်အက်စ်က ကြီးမားတဲ့လုံခြုံရေးအန္တရာယ်တစ်ခုဖြစ်နေဦးမယ်လို့ SDFအကြီးတန်းအရာရှိ ရီဒါး ရှီလယ် က ရိုက်တာသတင်းအေဂျင်စီကိုပြောပါတယ်။

ဆီးရီးယားနဲ့အီရတ်ကနေရာတော်တော်များများကို သူတို့ပိုင်တယ်လို့သိမ်းပိုက်ကြေညာခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ အရှေ့အလယ်ပိုင်းဒေသရဲ့မြေပုံသစ်ကို အိုင်အက်စ်ကပြန်ရေးဆွဲခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၇ ခုနှစ်မှာတော့ အိုင်အက်စ်တွေဟာ သူတို့ပိုင်တဲ့နေရာတွေနဲ့ အဓိကခြေကုတ်နေရာ ၂ ခုဖြစ်တဲ့ ဆီးရီးယားနိုင်ငံက ရက်ကာမြို့နဲ့ အီရတ်နိုင်ငံက မိုဆူးမြို့တို့ကို ပြန်လက်လွှတ်ခဲ့ရပါတယ်။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply