တရားမ၀င်ချက်အရက်သောက်လို့ အိန္ဒိယတွင် လူဒါဇင်ချီသေဆုံး

0
11

ဖေဖော်ဝါရီ ၁၀
နိုင်ငံတကာသတင်း

အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ အူတရာပရာဒေ့ရှ်ပြည်နယ်မှာ ချက်အရက်ပုန်းသောက်လို့ လူဒါဇင်ချီသေဆုံးခဲ့ပြီးတဲ့နောက် အိန္ဒိယရဲတပ်ဖွဲ့က ဒီဖြစ်စဉ်ကို စုံစမ်းနေပါတယ်။

အူတရာပရာဒေ့ရှ်က ဖြစ်ရပ် ၂ ခုကြောင့် လူ ၂၆ ဦးသေဆုံးခဲ့ပြီး အူတရာပရာဒေ့ရှ်ပြည်နယ်ဘေးက အူတရာခန်းပြည်နယ်မှာလည်း လူ ၁၃ ဦးသေဆုံးခဲ့ပါတယ်။

တခြားဒေသတွေမှာလည်း အရက်ပုန်းသောက်တာကြောင့်ထင်လို့ရတဲ့လူသေမှုတွေရှိနေတာကြောင့် သေဆုံးသူဦးရေမြင့်တက်လာနိုင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

“အရက်ပုန်းသောက်ထားတဲ့လူတွေကို ရှာဖို့ ကျွန်တော်တို့တွေကြိုးပမ်းနေကြပါတယ်။ ပြီးတော့ အိမ်တွေမှာ အရက်ပုန်းတွေသိမ်းထားသလားဆိုတာကိုလည်း စုံစမ်းနေပါတယ်။ ပြီးတော့ သောက်ထားတဲ့လူတွေကို အကောင်းဆုံးကုသမှုပေးဖို့ ကျွန်တော်တို့ကြိုးစားနေပါတယ်”လို့ အကြီးတန်းရဲအရာရှိ ဒီနက်ရှ် ကူမာကပြောပါတယ်။

သေမှုသေခင်းစစ်ရာကရတဲ့အစီရင်ခံစာတွေမှာတော့ အဲဒီအရက်တွေကို ပြင်းအားပိုများစေဖို့ မက်သနောထည့်ထားတယ်လို့ သိရပါတယ်။

ဒီဖြစ်ရပ်တွေနဲ့ဆက်စပ်ပြီး လူ(၃၀)ကိုဖမ်းထားသလို အရက်ပုန်းလီတာ ၄၀၀ ကိုလည်း သိမ်းယူထားပါတယ်။

အိန္ဒိယအမျိုးသားမှုခင်းဗျူရိုရဲ့စာရင်းတွေအရ အိန္ဒိယမှာ တစ်နှစ်ကို လူ(၁၀၀၀)လောက် တရားမ၀င်ချက်အရက်တွေသောက်လို့ သေဆုံးနေတယ်လို့ သိရပါတယ်။

Source-Euronews
#ဥက္ကာ
#TheFifthWaveNews

Leave a Reply