မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပေးရေး လူထုဆန္ဒထုတ်ဖော်မှု ဦးဆောင်သူအား ဒဏ်ငွေတစ်သောင်းချမှတ်

0
51

ဖေဖော်ဝါရီ ၁၁
ပဉ္စမလှိုင်း

မြစ်ကြီးနားမြို့တွင် မြစ်ဆုံစီမံကိန်းရပ်ဆိုင်းပေးရေး လူထုဆန္ဒထုတ်ဖော်မှု ဦးဆောင်သူ ဒေါ်ဂျာခေါန်အား မြစ်ကြီးနားမြို့နယ် တရားရုံးက ဒဏ်ငွေတစ်သောင်းပေးဆောင်ရန်အတွက် အမိန့်ချမှတ်ခဲ့သည်။

မြစ်ကြီးနားမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်မိုးက တရားလိုပြုလုပ်ပြီး ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ နဲ့ တရားစွဲထားတာကြောင့် ဖေဖော်ဝါရီ ၁၁ ရက်နံနက်ပိုင်းက မြစ်ကြီးနားမြို့နယ် တရားရုံမှာ အမှုရင်ဆိုင်ခဲ့ပြီးနောက် ယင်းသို့ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်ရာတွင် ခွင့်ပြုမိန့်တင်ထားတဲ့သည့် အချက်များထက် ကျော်လွန်သဖြင့် အရေးယူသည်ဟု ရဲမှုးမြင့်မိုးက ပြောထားသည်။

လူထုဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သူဦးရေ ၇၀၀၀ နီးပါးလောက်ကိုထိန်းဖို့ အသံချဲ့စက် ၊ ဆောင်းဘောက် သုံးရတာဖြစ်ပြီး၊ ရဲမှူးက ပိတ်စပါစာသားကို ကန့်ကွက်ခဲ့စဉ်ကလည်း ဆန္ဒပြသူများသဖြင့် အလွယ်တကူ ပြန်သိမ်းမရသဖြင့် မလိုက်နာသလို ဖြစ်ခဲ့သည်ဟု ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူ ဒေါ်ဂျာခွန်က ပြောသည်။

မြစ်ဆုံစီမံကိန်းရပ်တန့်ရေး ဆန္ဒဖေါ် ထုတ်မှုကို ဖေဖော်ဝါရီ ၇ ရက်နေ့က မြစ်ကြီးနားမြို့နယ် မှဒေသခံများအပါ အဝင်အခြားနယ်အချို့မှဒေသခံအင်အား ၇၀၀၀ ခန့်ပါဝင်ပြီး မြစ်ဆုံ၊ မြစ်ညှာမြစ်ဝှမ်း ရေကာတာ စီမံကိန်းတွေကိုအပြီးတိုင် ဖျက်သိမ်းရေး၊ ဒေသခံပြည်သူတွေ မူလနေရာမှာ လွတ်လပ်စွာနေထိုင်ခွင့်ရရှိရေး၊ ပြည်သူ့ဆန္ဒမပါဝင်တဲ့ စီမံကိန်းအားလုံးကို အလိုမရှိ ဆိုတဲ့ ဗီနိုင်း ပိုစတာတွေ ကိုင်ဆောင်ပြီး ကြွေးကြော် လမ်းလျှောက်ခဲ့ခြင်းဖြစ်သည်။

Photo – Yan Aung Htun / MPA

Leave a Reply