ဦးကိုနီ လုပ်ကြံခံရမှု တရားခံများကို ပြစ်ဒဏ်များ အသီးသီးချမှတ်

0
129

ဖေဖော်ဝါရီ ၁၅
သော်လင်းထက်၊ ဝေယံ

(သတင်းအပြည့်အစုံ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်မှုကို တရားစွဲဆိုထားသည့် ကြည်လင်း၊ ဇေယျာဖြိုးနဲ့ အောင်ဝင်းဇော်တို့ကို ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့သည်။

၁၀၄ ကြိမ်မြောက် ရုံးချိန်း၏အပြီးသတ်အမိန့်ချမှတ်မှုကို ဇန်နဝါရီ ၁၁ ရက်နေ့တွင် မြောက်ပိုင်းခရိုင် တရားရုံး၌ပြုလုပ်ခဲ့သည်။

တရားခံကြည်လင်းကို ပုဒ်မ ၃၀၂(၁ ) (ခ )/ ၃၄ ဖြင့် မသေမချင်းကြိုးကွင်းစွပ်သတ်ရန် လည်းကောင်း၊အငှားယာဉ်မောင်း ဦးနေဝင်းကို သတ်ဖြတ် မှုဖြင့် ပုဒ်မ၃၀၂(၂ )နှင့် လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)အရ ထောင်ဒဏ်အနှစ် ၂၀ တို့ကို ခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့သည်။ထောင်ဒဏ်အနှစ် ၂၀ပြစ်ဒဏ်ကျခံပြီးပါက မသေမချင်းကြိုးကွင်းစွပ်သေဒဏ်ကို ခံရမည်ဖြစ်သည်။

တရားခံအောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂(၁ ) (ခ )/ ၃၄အရ မသေမချင်းကြိုးကွင်းစွပ်သတ်ရန်အမိန့်ချမှတ်ခဲ့သည်။

တရားခံ ဇေယျာဖြိုးကို ပုဒ်မ ၃၀၂(၁ ) (ခ )/ ၁၀၉အရ ထောင်ဒဏ် ၅နှစ်ချမှတ်ခဲ့သည်။

တရားခံ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂အရ ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့သည်။

အဆိုပါ အပြီးသတ်အမိန့်ချမှတ်သည့်ရုံးချိန်းသို့ ပရိတ်သတ် ၁၀၀ ခန့်က လာရောက်ကြည့်ရှု့ခဲ့ကြသည်။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို သေနတ်ဖြင့် လုပ်ကြံ သတ်ဖြတ်ခဲ့မှုအတွက် တရားခံကြည်လင်းကို ပုဒ်မ ၃၀၂(၁ ) (ခ )/ ၃၄ ဖြင့်လည်းကောင်း၊အငှားယာဉ်မောင်း ဦးနေဝင်းကို သတ်ဖြတ် မှုဖြင့် ပုဒ်မ၃၀၂(၂ )၊လက်နက်ဥပဒေပုဒ်မ ၁၉(ဃ)တို့ဖြင့် မြောက်ပိုင်းခရိုင်တရားရုံးတွင် တရားစွဲဆိုထားသည်။

ထို့ပြင် တရားခံအောင်ဝင်းဇော်ကို ပုဒ်မ ၃၀၂(၁ ) (ခ )/ ၃၄ ဖြင့် လည်းကောင်း၊တရားခံ ဇေယျာဖြိုးကို ပုဒ်မ ၃၀၂(၁ ) (ခ )/ ၁၀၉ ဖြင့်လည်းကောင်း၊တရားခံ အောင်ဝင်းထွန်းကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၁၂ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ ကြည်လင်း(ခ)ဖိုးထူးသည် ၁၉၈၅ ခုနှစ်တွင် ဘုရားခိုးမှုဖြင့် ထောင်ဒဏ် ၇နှစ်ကျခံခဲ့သူဖြစ်ပြီး ၂၀၁၃ခုနှစ်တွင် ရှေးဟောင်းပစ္စည်းနှင့်ဘုရားခိုးမှုဖြင့်ထောင်ဒဏ် ၂၇နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည့်အပြင် ၂-၁၄ခု နှစ်၊ဇန်န၀ါရီ ၃ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူဖြစ်ကြောင်းသိရသည်။

ထို့ပြင် ပြစ်မှုကျူးလွန်ရာတွင် ပါဝင်သူ အောင်ဝင်းခိုင်သည် ၂၀၁၄ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ဖြင့် တပ်မတော်မှနုတ်ထွက်ခဲ့ပြီး ယခင်တပ်မတော်အတွင်းရင်းနှီးခဲ့သူ ဇေယျာဖြိုးနှင့်ပြန်လည်တွေ့ဆုံပြီး ဇေယျာဖြိုး မှ စီးပွားရေးအတူလုပ်ရန် ကမ်းလှမ်းချက်အရ ၂၀၁၆ခုနှစ် နှစ်ဆန်းပိုင်းတွင် ရောင်ဝါဖြိုးကုမဏီကို ပူးပေါင်းတည် ထောင်ကာ ထွက်ပြေးတိမ်းရှောင်နေသူ အောင်ဝင်ခိုင်မှ MD အဖြစ်လည်းကောင်း၊ဇေယျဖြိုး၏ ဇနီးဖြစ်သူ ဒေါ်သီတာလွင်နှင့်ညီဖြစ်သူ ရဲဟိန်းတို့ကို ဒါရိုက်တာများအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တရားခံဇေယျဖြိုးမှာ ၁၉၉၃ခုနှစ်မှ ၁၉၉၇ခုနှစ်အထိ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းအမှတ်စဉ် ၃၈ သို့တက်ရောက်ခဲ့ပြီး တပ်မတော်သတင်းစုဆောင်းရေး အတတ်သင်ကျောင်း၌ ဗိုလ်ကြီးအဆင့်ဖြင့် တာဝန်ထမ်း ဆောင်ခဲ့ပြီး အငြိမ်းစားပေးအပ်ခြင်းကို ၂၀၁၄ခုနှစ် ဒီဇင်ဘာ ၁၅ရက်တွင် ခံခဲ့ရခြင်းဖြစ်သည်။

ထို့နောက် ဇေယျဖြိုးသည် ၂၀၁၆ခုနှစ် ဧပြီလဆန်းခန့်တွင် အောင်ဝင်းခိုင်၊လင်းဇော်ထွန်းနှင့်တာမွေမြို့နယ်ရှိ မော်ဒန်လက်ဖက်ရည်ဆိုင်၌ မကြာခဏတွေ့ဆုံစဉ် လူမှုကွန်ရက်များတွင် တွေ့နေရသည့် ဦးကိုနီ၏ ပြောဆို လုပ်ကိုင်ဆောင်ရွက်နေမှုများကို ပြောဆိုဆွေးနွေးခဲ့ကြပြီးနောက် ပုဂိုလ်ရေးမကျေနပ်မှုများဖြစ်ပေါ်လာခဲ့ရာမှ အစပြုက လုပ်ကြံမှုဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲချုပ်ဇော်ဝင်းက ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားသည်။

ဇေယျာဖြိုးနှင့်အောင်ဝင်းခိုင်တို့သည် ဦးကိုနီအား လုပ်ကြံသတ်ဖြတ်ရန်အတွက် တိုင်ပင်ခဲ့ပြီးနောက် အောင်ဝင်းခိုင်မှ အောင်ဝင်းဇော်ထံ ငွေကျပ် သိန်း ၄၀၀ကို ၂၀၁၆ခုနှစ် ဧပြီလတွင် ကြိုတင်ပေးခဲ့ပြီး ၂၀၁၆ခုနှစ်၊ သြဂုတ်လတွင် ငွေကျပ်သိန်း ၁၀၀၀ကို ပေးအပ်ခဲ့ကြောင်းသိရသည်။

ထို့နောက် တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၂၉ ရက် ညနေပိုင်းတွင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၏ ဥပဒေအကြံပေးဖြစ်သူ တရား လွှတ်တော်ရှေ့နေဦးကိုနီသည် အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့နှင့် မာလူကူပြည်နယ်တို့၌ ဇန်န၀ါရီလ (၂၂) ရက်မှ (၂၉) ရက်အထိ ကျင်းပခဲ့သော Senior Leadership Program လေ့လာရေးခရီးမှ ဇန်နဝါရီလ (၂၉) ရက် ညနေ ၄ နာရီ မိနစ် ၄၀ တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိစဉ် ကြည်လင်းက အနောက်မှသေနတ်ဖြင့် ပစ်ခတ်လုပ်ကြံ သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် သေနတ်ဖြင့်ပစ်ခတ်ခဲ့သူ ကြည်လင်းကို ဝိုင်းဝန်းဖမ်းဆီးပေး သည့် တက္ကစီယာဉ်မောင်း ဦးနေဝင်းမှာလည်း ကြည်လင်း၏ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သည်။

Photo – Ye Myo Khant / MPA

Leave a Reply