ယာဉ်တိုက်မှုဖြစ်ခဲ့ပေမယ့် အပြုံးမပျက်ဘဲ ပရိသတ်နဲ့ ဆဲလ်ဖီဆွဲခဲ့တဲ့ ချယ်လ်ဆီးကွင်းလယ်လူ ကန်တီ

0
131

ဇန်န၀ါရီ ၁၁ ၊ ၂၀၁၈

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်ကစားသမား ကန်တီဟာ အာဆင်နယ်အသင်းနဲ့ ကစားမယ့် ကာအဘောင်း ဖလားပွဲစဉ် မတိုင်ခင်မှာ ယာဉ်မတော်တဆမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

ကန်တီဟာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပေမယ့်လည်း အရှေ့လန်ဒန်မြို့ရဲ့ ကင်းလမ်းမထက်မှာ ချယ်လ်ဆီး ပရိသတ်တစ်ဦးနဲ့အတူ ဆဲလ်ဖီဓာတ်ပုံတစ်ပုံကို ရိုက်နိုင်ခဲ့ပါတယ်။

ကန်တီဟာရဲ့ တစ်ပါတ်ရစ် မီနီကားလေးဟာ အရှေ့လန်ဒန်ရဲ့ ကင်းလမ်းမအနီးမှာ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပေမယ့် ကန်တီကတော့ အပြုံးမပျက်ခဲ့ပါဘူး။ ကန်တီဟာ တစ်ပတ်လုပ်ခ ပေါင် တစ်သိန်းတစ်သောင်း ရရှိနေတဲ့အတွက် သူ့ရဲ့ ပေါင် နှစ်သောင်းတန် ကားလေး ပျက်စီးခဲ့မှုအပေါ် ဂရုမထားခဲ့ပါဘူး။

ပရိသတ်တွေရဲ့ ပြောစကားအရ ကန်တီရဲ့ ကားလေးဟာ ဘက်မှန်ကြေမွသွားခဲ့ပြီး အရှေ့ဘီးတွေလည်း ပျက်စီး သွားခဲ့ပါတယ်။ဒါပေမယ့် ကန်တီဟာ စိတ်ပျက်ခြင်း လုံးဝမရှိဘဲ ပရိသတ်နဲ့အတူ ဆဲလ်ဖီဓာတ်ပုံ ရိုက်ခဲ့တဲ့အတွက် အားလုံးက အံ့သြနေကြပါတယ်။

ကန်တီဟာ ၂၀၁၆ ခုနှစ်မှာ လက်စတာအသင်းကို ပရီးမီးယားလိဂ် အမှတ်ပေးဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ကန်တီဟာ ကြီးပွားတိုးတက်လိုစိတ် ရှိသူဖြစ်ပြီး ကားနဲ့ပတ်သက်လာရင် ဈေးကြီးပေးဝယ်ရတဲ့ ကားတွေအပေါ် စိတ်ဝင်စားခြင်း မရှိပါဘူး။

NN

Leave a Reply