လင်​မယားချင်းစကားများရာမှ အပြန်အလှန်ဓားဖြင့်ထိုး၊ နှစ်ဦးစလုံးသေဆုံး

0
136

ဖေဖော်ဝါရီ ၁၈
မိုးမြင့်

ပဲခူးခရိုင် ​ရွှေကျင်​မြို့နယ်​ရှိ အင်္ဂနီ​ကျေးရွာ​​​တွင်​ ​လင်မယားချင်း စကားများရန်ဖြစ်ရာမှ အပြန်အလှန်ဓားဖြင့်ထိုးကာ နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက် နံနက် ၁၂ နာရီ​ခွဲအချိန်​ခန့်က ရွှေကျင်မြို့နယ် အင်္ဂနီကျေးရွာအုပ်ချုပ်ရေးမှူးဆိုသူက လင်းမယားနှစ်ယောက် စကားများ၍ အပြန်အလှန်ဓားဖြင့်ထိုးသတ်ကြရာမှ နှစ်ဦးစလုံးသေဆုံးခဲ့ကြောင်း မင်းလမ်းသံဆိပ်ရဲကင်းစခန်းမှူးထံ သတင်းပေးပို့တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့သို့ သတင်းပို့တိုင်ကြားလာမှုကြောင့် မင်းလမ်းသံဆိပ်​ရဲကင်းစခန်းမှူးနှင့် တာဝန်ရှိသူများက အင်္ဂနီ​ကျေးရွာသို့သွားရောက်စစ်ဆေးခဲ့ရာ ယင်းကျေးရွာနေ ဒေါ်ချို(၅၁)နှစ်​နှင့် ဦးဝင်းခိုင်​(၄၄)နှစ်​တို့ လင်မယားနှစ်ဦးသည် ဖေဖော်ဝါရီ ၁၇ ရက်နေ့ည ၁၁ နာရီကျော်အချိန်၌ လက်ကိုင်ဖုန်းနှင့်ပတ်သက်သောအကြောင်းအရာအချို့ကို ပြောဆိုငြင်းခုန်ကြရာမှ စကားများ ရန်ဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းတို့နှင့်အတူနေမိခင်ဖြစ်သူ၏ပြောဆိုမှုအရသိရကြောင်း ရဲမှတ်တမ်တွင်ဖော်ပြပါရှိသည်။

အခင်းဖြစ်နေရာသို့ တာဝန်ရှိသူများသွားရောက်စစ်ဆေးရာတွင် ​နေအိမ်​​အောက်​ထပ်​၌ လင်မယားနှစ်ယောက်လုံးလဲလျက်​​တွေ့ရပြီး ဒေါ်ချိုမှာ ဝဲဘက်​ရင်​ညွန့် ၌ ထိုးသွင်းဒဏ်​ရာ( ၁)ချက်​၊ ယာဘက်​ဂျိုင်း​အောက်​ပြတ်​ရှဒဏ်​ရာ(၂)ချက်​နှင့် ယာဘက်​လက်​ဖဝါးပြတ်​ရှဒဏ်​ရာ(၁)ချက်​တို့ဖြင့်​​သေဆုံး​နေ​ကြောင်း​တွေ့ရပြီး ခင်​ပွန်းဖြစ်​သူ ဦးဝင်းခိုင်​ဆိုသူမှာ ဒေါ်ချို၏ဝဲဘက်​​ဘေးတွင် မှောက်လျက်အနေအထားဖြင့်လဲနေကာ ဝမ်းဗိုက်​​ပေါက်​ထွက်​ဒဏ်​ရာရရှိထားသော်လည်း အသက်သေဆုံးခြင်းမရှိသေးသည့်အတွက် ဆေးရုံသို့တင်ပို့ခဲ့ရာ နံနက် ၃ နာရီခွဲအချိန်တွင် ဆေးရုံ၌သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ရဲစခန်းမှတ်တမ်းများအရ သိရသည်။

အထက်ပါဖြစ်စဉ်မှ ဓားဖြင့်ထိုးသတ်ခြင်းအား စတင်ကျူးလွန်သသည်ဟုဆိုသူ ဝင်းခိုင်​အား ရွှေကျင်မြို့မရဲစခန်းမှ (ပ)၃၇/၂၀၁၉၊ ရာဇသတ်​ကြီးပုဒ်​မ ၃၀၂ အရ အမှုရေးဖွင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Leave a Reply