ဝေဠုကျော်နှင့် အလှမယ်သင်းသင်းတို့ အပြန်အလှန်ပြောဆိုချက်များ ပါဝင်သည့် CD အား လာမည့်ရုံးချိန်းတွင် စစ်ဆေးမည်

0
90

ဖေဖော်ဝါရီ ၁၉
သော်​လင်းထက်

ကာမလိမ်လည်ရယူလိုမှုနှင့်​ တရားစွဲဆိုခံထားရသည့်​ ဝေဠုကျော်အမှုနှင့်​ ပတ်သက်၍ လာမည့်​ရုံးချိန်းတွင်​ တင်သွင်းထားသည့်​ သက်သေခံပစ္စည်း CD များကို ဖွင့်၍ စစ်ဆေးသွာမည်​ဖြစ်​သည်​။

ယ​နေ့တင်သွင်းခဲ့သည့်​ သက်သေခံ ပစ္စည်းများနှင့်​ CD ချများအား တရားရုံးမှ လက်ခံခဲ့ပြီး သက်သေများသည်​ တရားလို မော်ဒယ် သင်းသင်းနှင့်​ ဝေဠုကျော်တို့၏ အပြန်အလှန် စကားပြောဆိုချက် များပါဝင်​​သိဟုသိရသည်​။

အဆိုပါရုံးချိန်းတွင်​ တရားလို မော်ဒယ်သင်းသင်းက ၄င်းနှင့်​ စွပ်စွဲခံရသူ ဝေဠုကျော်တို့ တွေ့ဆုံစဉ်မှစကာ အမှုဖြစ်စဉ်​အထိ အကြောင်းအရာများကိုထွက်​ဆိုခဲ့သည်​။

တရားခွင်တွင်​ တရားလိုဖြစ်​သူသင်းသင်း၏ ထွက်ဆိုချက်နှင့်​ ရှေ့နေ၏ မေးမြန်းမှုများကို စွပ်စွဲခံရသူဘက်မှ တုံ့ပြန်မှုမလုပ်ခဲ့​ကြောင်းသိရသည်​။

အမှုနှင့်​ ပတ်သက်၍ တရားလိုပြသက်သေ ၅ ဦးတင်ထားသည်​ဟုသိရပြီး လာမည့်​ရုံးချိန်းကို ​ဖေဖော်ဝါရီလ ၈ ရက်နေ့သို့ပြန်​လည်​ချိန်းဆိုထား​ကြောင်းသိရသည်​။

Leave a Reply