အ​မေရိကန်​က ဟွာ​ဝေးကို မ​ချေမှုန်းနိုင်​ဘူးလို့ ဟွာ​ဝေးတည်​​ထောင်​သူ​ပြော

0
95

ဖေ​​ဖော်​ဝါရီ ၂၀
နိုင်​ငံတကာသတင်း

အ​မေရိကန်​ဟာ ဟွာ​ဝေးကို မ​ချေမှုန်းနိုင်​ဘူးလို့ ဟွာ​ဝေးတည်​​ထောင်​သူ ရန်​ကျန်း​ဖေက​ပြောပါတယ်​။

ဘီဘီစီနဲ့သီးသန့်​​တွေ့ဆုံ​မေးမြန်းရာမှာ​ပြောခဲ့တာပါ။

သူ့သမီးလည်းဖြစ်​၊ ဟွာ​ဝေးကုမ္ပဏီဘဏ္ဍာ​ရေးအရာရှိချုပ်​လည်းဖြစ်​တဲ်​မန်​ဝမ်းကျိုးကို က​နေဒါနိုင်​ငံကဖမ်းထားတာက နိုင်​ငံ​ရေးလှည့်​ကွက်​​တွေလို့လည်း ရန်​ကျန်း​ဖေက​ပြောပါတယ်​။

ငွေ​ကြေးခဝါချတာ၊ ဘဏ်​​အ​ကောင့်​လိမ်​လည်​တာနဲ့ ကုန်​သွယ်​​ရေးလျှို့ဝှက်​ချက်​​တွေခိုးယူတယ်​ဆိုပြီး ဟွာ​ဝေးနဲ့မန်​ဝမ်​ကျိုးကို တရားစွဲဖို့ အ​မေရိကန်​ကစီစဉ်​​နေပါတယ်​။

ဒါ​ပေမဲ့ အမှားလုပ်​ထားတာမရှိဘူးလို့ ဟွာ​ဝေးကငြင်းထားပါတယ်​။

အ​မေရိကန်​က ကျွန်​​တော်​တို့ကို​ချေမှုန်းနိုင်​တဲ့နည်းလမ်းမရှိဘူးလို့ ရန်​ကျန်း​ဖေက​ပြောပါတယ်​။

ကျွန်​​တော်​ကပို​ခေတ်​​ရှေ့​ပြေးလို့ ကမ္ဘာကြီးက ကျွန်​​တော်​တို့ကို ချန်​ခဲ့လို့မရဘူး။ တကယ်​လို့ အ​မေရိကန်​က ဟွာ​ဝေးကို ​လျှော့သုံးဖို့ နိုင်​ငံ​တွေကိုပိုပြီးဆွဲ​ဆောင်​ရင်​​တောင်​ ကျွန်​​တော်​တို့က ​တော်​​တော်​​လေး​လျှော့တွက်​နိုင်​တယ် အ​မေရိကန်​က ကမ္ဘာကြီးကို ကိုယ်​စားမပြုဘူး။ ကမ္ဘာကြီးရဲ့တစိတ်​တပိုင်းကိုပဲ ကိုယ်​စားပြုတယ်​ လို့ ရန်​ကျန်း​ဖေက​ပြောပါတယ်​။

ဒါ​ပေမဲ့ အသုံးပြု​လျော့နိုင်​​ချေရှိ​နေတာက သိသာတဲ့ဆိုးကျိုး​တော့ရှိနိုင်​တယ်​လို့ သူကအသိအမှတ်​ပြုပါတယ်​။

အ​မေရိကန်​ရဲ့ဟွာ​ဝေးကိုစွပ်​စွဲချက်​​တွေထဲမှာ ဟွာ​ဝေးက တခြားနိုင်​ငံ​တွေရဲ့အချက်​အလက်​​တွေကို တရုတ်​အစိုးရဆီ​ပေး​နေတယ်​ဆိုတာလည်းပါဝင်​ပါတယ်​။

ဒါ​ပေမဲ့ ဒီ​နေ့မှာပြုလုပ်​တဲ့တရုတ်နိုင်​ငံခြား​ရေးဝန်​ကြီးဌာနပုံမှန်​သတင်းစာရှင်းလင်းပွဲမှာ တရုတ်​အစိုးရက တရုတ်​ကုမ္ပဏီ​တွေကတဆင့်​ တခြားနိုင်​ငံ​တွေရဲ့အချက်​အလက်​​တွေကို ရဖို့ မလိုအပ်​ဘူးလို့ တရုတ်​နိုင်​ငံခြား​ရေးဝန်​ကြီးဌာန​ပြောခွင့်​ရသူ ဂျန်း​ရွှောင်​က​ပြောပါတယ်​။

အ​မေရိကန်​က ရင်းနှီးမြှုပ်​နှံသူ​တွေကို နည်းနှစ်​မျိုးနဲ့ဆက်​ဆံ​လေ့ရှိပြီး စွပ်​စွဲချက်​​တွေကတစ်​ဖက်​သတ်​ဆန်​တယ်​လို့လည်း ဂျန်းက​ပြောပါတယ်​။

Source-BBC

#ဥက္ကာ
#TheFifthWaveNews

Leave a Reply