ချယ်လ်ဆီးနဲ့ပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရရှိခဲ့သော ၀ီရှိုင်းယား

0
182

ဇန်န၀ါရီ ၁၁ ၊ ၂၀၁၈

အာဆင်နယ်အသင်းမှာ ဒဏ်ရာများနဲ့ မကြာခဏ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ၀ီရှိုင်းယားဟာ ချယ်လ်ဆီးအသင်းနဲ့ ကစားခဲ့တဲ့ ကာအဘောင်းဖလားပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

အဆိုပါပွဲစဉ်ရဲ့ ပထမပိုင်း ၁၀ မိနစ်ခန့်မှာ ၀ီရှိုင်းယားဟာ ချယ်လ်ဆီး ကစားသမား ဒရင့်ဝါတာနဲ့ ထိခိုက်မိပြီး ဒဏ်ရာရရှိသွားခဲ့တာ ဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ စတမ်းဖို့ဘရစ်မှာ ကစားခဲ့ကြတဲ့ အဆိုပါ ပွဲစဉ်ဟာ ဂိုးမရှိသရေရလဒ်နဲ့ ပွဲပြီးဆုံးသွားခဲ့ ပါတယ်။

“ခြေကျင်းဝတ် အကြောကို ထိခိုက်မိခဲ့တာပါ။ကြားရသလောက်တော့ အခြေအနေကောင်းပါတယ်”ဟု အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက ဆိုပါတယ်။

ဝီရှိုင်းယားရဲ့ ဒဏ်ရာဟာ စိုးရိမ်ဖွယ်ရာ မရှိပေမယ့်လည်း အချိန် ဘယ်လောက် ကြာအောင် အနားယူရမယ်ဆို တာတော့ အာစင်ဝင်းဂါးက အတည်မပြုခဲ့ပါဘူး။

ဝီရှိုင်းယားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဒဏ်ရာကြောင့် ၅လခန့် အနားယူခဲ့ရပါတယ်။သူဟာ လက်ရှိမှာ အာဆင်နယ်အတွက် ၁၉ ပွဲ ပါဝင်ကစားထားပြီး အင်္ဂလန်အသင်းနဲ့အတူ ၂၀၁၈ ရုရှားကမ္ဘာ့ဖလား ပြိုင်ပွဲ ကို ၀င်ရောက်နိုင်ဖို့အတွက် ပြန်လည်ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။

NN

Leave a Reply