ရာသီကုန်အထိ ရှက်ဖီးလ်အသင်းမှာ ကစားမယ့် မန်ယူတိုက်စစ်မှူး ဂျိမ်းဝီလ်ဆင်

0
174

ဇန်န၀ါရီ ၁၁ ၊ ၂၀၁၈

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဂျိမ်းဝီလ်ဆင် ဟာ အင်္ဂလန် ပထမတန်းကလပ်ဖြစ်တဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို အငှားပြောင်းရွှေ့ခဲ့ပြီ ဖြစ်ပါတယ်။ဝီလ်ဆင်ဟာ ယခုနှစ် ဘောလုံး ရာသီအကုန်အထိ ရှက်ဖီးလ်ယူနိုက်တက်မှာ ကစားမှာဖြစ်ပါတယ်။

ဂျိမ်းဝီလ်ဆင်ဟာ အသက် ၂၂ နှစ်သာရှိသေးပြီး ပထမဆုံး မန်ယူ အသင်းကြီးရဲ့ ကစားသမားဘ၀ကို ၂၀၁၄ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ မန်ယူနည်းပြ မိုရက်စ်ကို အသင်းမှ ထုတ်ပယ်ခဲ့ပြီး လက်ထောက် နည်းပြဖြစ်တဲ့ ရွိုင်ဂစ် ကိုင်တွယ်ချိန်မှာ ၀ီလ်ဆင်အနေနဲ့ ပွဲထွက်ခွင့် စတင်ရရှိခဲ့ပါတယ်။သူဟာ အသင်းကြီးရဲ့ ပထမဆုံး ပွဲထွက် ကစားသမားဘ၀ ပထမဆုံး ပွဲစဉ်မှာပင် ဟူးလ်စီးတီးကို ဂိုးသွင်းနိုင်ခဲ့ပါတယ်။

မန်ယူနည်းပြအသစ်ဖြစ်တဲ့ လူးဝစ်ဗန်ဟားလက်ထက်မှာတော့ သူဟာ ပုံမှန်ပွဲထွက်ခွင့် ဆုံးရှုံးခဲ့ပြီး ဖယ်ကာအို ၊ ရက်ရှ်ဖို့စ်တို့ရဲ့ အရန် ကစားသမားဘ၀နဲ့သာ ကျင်လည်ခဲ့ရပါတယ်။

ဂျိမ်းဝီလ်ဆင်ဟာ မန်ယူအကယ်ဒမီမှ ထွက်ပေါ်လာတဲ့ ကစားသမား တစ်ဦးဖြစ်ပြီး ဘာမင်ဂမ် ၊ ဟူးလ်စီးတီး စတဲ့ အသင်းတွေမှာလည်း အငှားထွက် ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။ ယခုအခါ အင်္ဂလန် ပထမတန်းကလပ် ရှက်ဖီးလ်ယူနိုက်တက်ကို အငှားပြောင်းရွှေ့တာဟာ သူ့ရဲ့ တတိယအကြိမ်မြောက် အငှားထွက်ကစားခြင်းလည်း ဖြစ်ပါတယ်။

NN

Leave a Reply