အတိုက်​အခံပါတီက တရုတ်​နဲ့သ​ဘောတူချက်​လုပ်နိုင်တ​​ယ်​လို့​ပြောပြီး​နောက်​ ထိုင်​ဝမ်​ဒီမိုက​ရေစီအ​ရေး အ​ပေးအယူမလုပ်​ဘူးလို့ ထိုင်​ဝမ်​သမ္မတ​ပြော

0
110

ဖေ​ဖော်​ဝါရီ ၂၀
နိုင်​ငံတကာသတင်း

ထိုင်​ဝမ်​ကျွန်းရဲ့ဒီမိုက​ရေစီနဲ့ အချုပ်​အခြာအာဏာကိုဖျက်​ဆီးမယ့်​ ဘယ်​သ​ဘောတူညီချက်​ကိုမဆိုလက်​မခံဘူးလို့ ထိုင်​ဝမ်​ကျွန်းသမ္မတ ဆိုင်​အင်းဝမ်​က ဒီေ​န့မှာပြောပါတယ်​။

ကျွန်းရဲ့အတိုက်​အခံKMTပါတီက လာမယ့်​နှစ်​​သမ္မတရွေး​ကောက်​ပွဲမှာ သူတို့အနိုင်​ရရင်​ တရုတ်​နဲ့ငြိမ်းချမ်း​ရေးသ​ဘောတူညီချက်​လုပ်​သွားနိုင်​တယ်​လို့​ပြောခဲ့ပြီး​နောက်​ အခုလို​ပြောတာပါ။

ထိုင်​ဝမ်​က တရုတ်​ရဲ့အ​ဝေး​ရောက်​ပိုင်​နက်​လို့ တရုတ်​ကမှတ်​ယူထားပြီး ပြီးခဲ့တဲ့နှစ်​​တွေအတွင်း ငြိမ်းချမ်း​ရေးသ​ဘောတူညီချက်​အတွက်​ တရုတ်​ဘက်​က တစုံတရာစမ​ပြောခဲ့​ပေမဲ့ လာမယ့်နှစ်​​ရွေး​ကောက်​ပွဲမှာ အနိုင်​ရရင်​ သ​ဘောတူညီချက်​တစ်​ခုလက်​မှတ်​ထိုးနိုင်​တယ်​လို့ တရုတ်​နဲ့ဆက်​ဆံ​ရေး​ကောင်းတဲ့ကူမင်​တန်​(KMT)ဥက္က​ဋ္ဌ ဝူဒန်​ယိက​ပြောပါတယ်​။

ပြီးခဲ့တဲ့နိုဝင်​ဘာက ​ဒေသ​ရွေး​ကောက်​ပွဲနဲ့ မြို့ဝန်​​ရွေး​ကောက်​ပွဲ​တွေမှာ ဆိုင်​ရဲ့ပါတီက KMTကိုရှုံးထားပါတယ်​။

ထိုင်​ဝမ်​နဲ့တရုတ်​နဲ့ကြားကခြားနားချက်​​တွေကို တရုတ်​က ငြိမ်းချမ်းတဲ့နည်းလမ်း​တွေသုံးပြီး​ဖြေရှင်းရမယ်​လို့ ဆိုင်​က​ပြောပြီး ထိုင်​ဝမ်​ရဲ့ဒီမိုက​ရေစီစံနှုန်း​တွေကိုလည်း ​လေးစားဖို့ ​ပြောပါတယ်​။

ပြီးခဲ့တဲ့နှစ်​​တွေအတွင်း တရုတ်​က စစ်​​လေယာဉ်​​တွေနဲ့​ရေယာဉ်​​တွေကို စစ်​​ရေး​လေ့ကျင့်​မှု​တွေထဲ​လွှတ်​ပြီး ထိုင်​ဝမ်​ကို ဝိုင်းရံလှည့်​ပတ်​ခဲ့တာ၊ သံတမန်​အ​ရေအတွက်​​လျှော့ချပြီး ထိုင်​ဝမ်​ကို နိုင်​ငံတကယဖိအား​တွေပုံချခဲ့လို့ ထိုင်​ဝမ်​ရဲ့ဒီမိုက​ရေစီနဲ့ ​နေမှုထိုင်​မှု​တွေအတွက်​ခုခံကာကွယ်​ဖို့ နိုင်​ငံတကာ​ထောက်​ခံမှုကို ထိုင်​ဝမ်​က ထပ်​ကာထပ်​ကာ​တောင်းဆိုခဲ့ပါတယ်​။

Source-Reuters

#ဥက္ကာ
#TheFifthWaveNews

Leave a Reply