ခြေ/ဥပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် အမည်စာရင်းပေးသွင်းခြင်းသည် ဥပဒေနှင့် အညီ လိုက်ပါခြင်းသာဖြစ်ကြောင်း ပြည်ခိုင်ဖြိုးအမတ်ပြောကြား

0
169

ဖေဖော်ဝါရီ ၂၁
ယဉ်ကေနွယ်

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးပူးပေါင်းကော်မတီတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ယနေ့ တွင် အမည်စာရင်းပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ အမည်စာရင်းပေးလိုက်ခြင်းသည် ဥပဒေနှင့် အညီသာ လိုက်ပါဆောင်ရွက်ခြင်းဖြစ်ကြောင်း ပျော်ဘွယ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးကပြောသည်။

“လွှတ်တော်က ဒီလို ဖွဲ့စည်းပါတယ်။ ဒီလို လုပ်ပါတယ်ဆိုတာ ကိုယ်တို့က ဥပဒေနဲ့ အညီပဲ လိုက်ပေးရမှာပေါ့။မကျေနပ် သည့်ဖြစ်စေ၊ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေ ကိုယ်တို့ ပါတီရဲ့ ရပ်တည်ချက်လည်းပြောပြီးပြီ ။လက်တွေ့လည်းပဲ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ကိုယ်တို့က ဥပဒေနဲ့ အညီ လမ်းကြောင်းက သွားတဲ့ အတွက် လည်း ပြင်ဆင်ရေးမူကြမ်းတစ်ခုကို တင်ပြီးပြီ နာမည်ပေးခြင်းမပေးခြင်းဟာ ဒီသဘောပါပဲ”ဟု ဦးသောင်းအေးကပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးခေတ္တနားချိန်တွင် သတင်းမီဒီယာများ၏မေးမြန်းမှုအပေါ် ဦးသောင်းအေးမှ အထက်ပါအတိုင်းပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပူးပေါင်းကော်မတီတွင် ပါဝင်နိုင်ရေးအတွက် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် ကရင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၆ မှ ဒေါ်နန်းနီနီအေးတို့အား လျာထားခြင်းဖြစ်သော်လည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ပြုလုပ်ခဲ့သည့် ပထမအကြိမ် ပူးပေါင်းကော်မတီ အစည်းအဝေးသို့ သွားတက်ရာတွင် အမည်စာရင်းမပေးခဲ့သည့် အတွက် ၀င်ခွင့်မပေးခဲ့ကြောင်း သိရသည်။

ထို့အတွက်ကြောင့် မိုင်းပန်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးနှင့် ကချင်ပြည်နယ်မဲဆန္ဒနယ်အမှတ် ၂ မှ ဦးဆီဟူးဒွေ့တို့သာ ပြောင်းလဲအမည်စာရင်းပေးပို့ခဲ့ကြောင်း သိရသည်။

ထိုသို့ပြောင်းလဲ အမည်စာရင်းပေးပို့ရခြင်းအပေါ် ဦးသောင်းအေးမှ “ဒီကော်မတီညှိနှိုင်းအစည်းအဝေးအတွက် တက်တာ။အမည်စာရင်းကတော့ ပြောင်းလိုက်ပါပြီ။ ဘာကြောင့် ပြောင်းလိုက်လဲဆိုတာ ကတော့ ဒေါ်နန်းနီနီအေးရော ဦးသိန်းထွန်းရော အရပ်စကားနဲ့ ပြောမယ်ဆိုရင်တော့ အရှက်ကွဲသွားတာပေါ့။ သူတို့ကို ထပ်ပြီးတက်ခိုင်းတယ်ဆိုရင်တော့ ကိုယ်ချင်းစာကြည့်လေ။မကောင်းဘူးပေါ့။ဒါကြောင့် နာမည်စာရင်းပြောင်းပေးလိုက်တာ ပါတီသိက္ခာလည်း ကျတယ်။ သူတို့ ကိုယ်စားလှယ်ရဲ့ တစ်ဦးချင်းသိက္ခာလည်း ကျတယ်။ဒါကြောင့်မို့လို့ တခြားသူတွေကိုယ်စား ကျွန်တော်တို့ ညှိနှိုင်းပြီးတော့ တက်ခိုင်းလိုက်တာ”ဟု ၎င်းကပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအား ပြင်ဆင်ရေးကို လက်ခံသားပြီးဖြစ်သည့် အတွက် ယင်းကော်မတီတွင်ပါဝင်၍ အမျိုးသား အကျိုးစီးပွားအတွက် ကာကွယ်သွားမည်ဖြစ်ကြောင်း ဦးသောင်းအေးကပြောသည်။

“ ဖွဲ့စည်းပုံ အခြခံဥပဒေပြင်ဖို့ ဆိုတာ ကိုယ်တို့က လက်ခံထားပြီးသား။ပြင်သင့်ပြင်ထိုက်တဲ့ နိုင်ငံတော်ရဲ့ အကျိုးစီးပွား ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေး၊အချုပ်အခြာတည်တံ့ခိုင်မြဲရေး ဒီဟာတွေကိုတော့ ပယ်ဖျက်ခံလို့ မရဘူး။အဲ့ဒါတွေကို ထိခိုက်လာမယ်ဆိုရင်တော့ အမျိုးသားအကျိုးစီးပွားအတွက် ကာကွယ်သွားရမှာ၊ အကြံပြုဆွေးနွေးသွားရမှာ၊ ကန့်ကွက်သွားရမှာ ပဲ ကိုယ်တို့ ရပ်တည်တာလည်း အဲ့အတိုင်းသွားနေတာပဲ” ဟု ၎င်းကပြောသည်။

ထို့အတူ ပူးပေါင်းကော်မတီတွင် ပါဝင်နိုင်ရေးအတါက် တပ်မတော်သားကိုယ်စားလှယ်များမှ လည်း ယနေ့ တွင် ပြောနိုင်ဆိုနိုင်သည့် ကိုယ်စားလှယ် ၈ ဦး၏အမည် စာရင်းပေးပို့ထားကြောင်းသိရသည်။

ပူးပေါင်းကော်မတီအား ၄၅ ဦးဖြင့် ဖွဲ့စည်းနိုင်ရေးအတွက် ကန့််ကွက်မှုများရှိခဲ့သော်လည်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက အတည်ပြုလိုက်ခြင်းဖြစ်သည်။

Leave a Reply