နှုတ်စွာနေတဲ့ ကွန်တီကို သတိပေးစကားပြောကြားလိုက်တဲ့ ကာပယ်လို

0
193

ဇန်န၀ါရီ ၁၁ ၊ ၂၀၁၈
အင်္ဂလန်အသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်တဲ့ ကာပယ်လိုဟာ ချယ်လ်ဆီးအသင်းရဲ့ အီတလီလူမျိုးနည်းပြ ကွန်တီကို သတိပေးစကား ပြောကြားလိုက်ပြီ ဖြစ်ပါတယ်။

ကွန်တီဟာ အင်္ဂလန်ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ နည်းပြတွေဖြစ်သော မန်ယူနည်းပြ မော်ရင်ဟို ၊ အာဆင်နယ်နည်းပြ အာစင်ဝငဂါးတို့နဲ့ မကြာခဏ စကားလုံးစစ်ထိုးမှုတွေ ဆောင်ရွက်ခဲ့သလို ချယ်လ်ဆီးအသင်း အနိုင်ရရှိချိန်များမှာလည်း အလွန်အကျွံ အောင်ပွဲခံမှုများကြောင့် အင်္ဂလန်မီ ဒီယာတွေအကြားမှာ ပြောစရာ ရေးစရာဖြစ်နေသူ ဖြစ်ပါတယ်။

ကာပယ်လိုက ကွန်တီအနေဖြင့် ဘာကြောင့်စကားလုံးစစ်ပွဲတွေ ဆင်နွဲနေသလဲဆိုတာကို နားမလည်တော့ ဘူးလို့ ဆိုခဲ့ပြီး ကိုယ့်ချယ်လ်ဆီးအသင်းရဲ့ အရည်အသွေးကို ပိုမိုတောက်ပလာအောင်သာ အာရုံစိုက်သင့်တယ်လို့ ဆိုလိုက်ပါတယ်။ ဒါ့အပြင် ကွန်တီအနေနဲ့ လက်ရှိအချိန်တွင် ပြုမူပြောဆို လုပ်ကိုင်နေသမျှ ပုံစံများဟာ ယခင် ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုရဲ့ ပုံစံတွေ ဖြစ်နေတယ်လို့ သုံးသပ်ခဲ့ပါတယ်။ချယ်လ်ဆီးအသင်း စိတ်ဓာတ်တက်ကြွအောင် အသုံးပြုနေတဲ့ ပုံစံတွေဟာ မော်ရင်ဟို လုပ်ခဲ့တဲ့ ပုံစံတွေ ဖြစ်နေတဲ့အတွက် သတိထားဖို့ ကွန်တီကို အကြံပြုလိုက်ပါတယ် ။စကားလုံး တိုက်ခိုက်မှုများဟာ အသင်းသားတွေအတွက် စိတ်ဓာတ်တက်ကြွဖို့အတွက် နည်းလမ်းကောင်း ဖြစ်ပေမယ့်လည်း ချယ်လ်ဆီးအသင်းရဲ့ အောင်မြင်မှုရရှိရေးကိုသာ အပြည့်အ၀ အာရုံစိုက်သင့်တယ်လို့ ကာပယ်လိုက အကြံပြုထားပါတယ်။

ချယ်လ်ဆီးနည်းပြကွန်တီဟာ ပြီးခဲ့တဲ့ အပတ်အတွင်း မန်ယူနည်းပြ မော်ရင်ဟိုနဲ့ အပြန်အလှန် စကား စစ်ထိုးပွဲတွေ ဆင်နွဲခဲ့ပါတယ်။ မန်ယူနည်းပြ မော်ရင်ဟိုက ဘောလုံးကွင်းဘေးနားမှာ ဖြစ်ပျက်နေတဲ့ ကွန်တီရဲ့ ပုံစံတွေဟာ ရူးကြောင်ကြောင် ပုံစံတွေ ဖြစ်တယ်လို့ သုံးသပ်ခဲ့ပြီး တည်ငြိမ်မှုမရှိတဲ့ နည်းပြလို့ ဝေဖန်ခဲ့ပါတယ်။ ကွန်တီကလည်း မော်ရင်ဟိုဟာ သူ့ကိုယ်သူ ပြန်ပြောနေသလို ဖြစ်နေတယ်လို့ ပြန်လည်ချေပခဲ့ပါတယ်။ နောက်ဆုံးမှာတော့ မော်ရင်ဟိုက သူ့ရဲ့နည်းပြဘ၀မှာ ဘယ်တုန်းကမှ လုပ်ပွဲကစားလို့ အပိတ်ခံရတာမျိုး မရှိခဲ့ဘူးလို ပြန်လည်ထိုးနှက်ခဲ့ဖူးပါတယ်။

NN

Leave a Reply