အသက် ၇၇ နှစ်အရွယ်အဘွားအိုကိုသတ်ပြီး လက်ဝတ်ရတနာများ ယူဆောင်သူကို စုံစမ်းနေ

0
166

ရန်ကုန် ၊ ဇန်န၀ါရီ ၁၁ ၊ ၂၀၁၈

သာကေတမြို့နယ် ၊၄ မြောက်ရပ်ကွက်တွင် အသက် ၇၇ နှစ်အရွယ် အဘွားအိုတစ်ဦးအားသတ်ကာ လက်ဝတ်ရတနာများယူဆောင် သွားခဲ့သည့် တရားခံကို ဖမ်းဆီးနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင်း သာကေတမြို့မ ရဲစခန်းမှသိရသည်။

အဆိုပါလူသတ်မှုမှ တရားခံအားဖမ်းမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေး မှုများပြုလုပ်လျှက်ရှိပြီး လက်ရှိတွင် တိတိ ကျကျမပြောနိုင်သေးကြောင်း သာကေတမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။

“မနေ့က လူသေနေတယ်ဆိုပြီးအကြောင်းကြားလာတော့ သွားတယ်။ အဘွားအိုတစ်ဦးအသတ်ခံထားရတယ်။ လည်ပင်းမှာ ဒဏ်ရာတွေနဲ့။ သက်သေခံပစ္စည်းအချို့ကိုတော့သိမ်းထားတယ်။ ဘာမှတော့ မသိရသေးဘူး တရားခံဖမ်းမိနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်” ဟု ၄င်းကပြောသည်။

သာကေတမြို့နယ် ၄ မြောက်ရပ်ကွက် ၊အောင်ဇေယျလမ်း ၊အမှတ် ၁၆၆ ဆောက်လက်စ အထပ်မြင့်တိုက်ရှိ ၃ လွှာတွင် ဇန်န၀ါရီလ ၁၀ ရက်နေ့က အဘွားအိုတစ်ဦးအားသတ်ကာ လက်ဝတ်ရတနာ အချို့ယူဆောင်သွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး တရားခံအား ဖမ်းမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးလျှက်ရှိကြောင်းသိရသည်။

“နေတာကတော့ဒီမှာနေတာ ကန်ထရိုက်တိုက်ဆိုတော့ လူနေခွင့်က မကျသေးဘူး။ အလုပ်သမားတွေနေ နေကျတာ။မနေ့က အဲဒီမှာ လူသေနေတယ်လို့သိရတယ်။” ဟု အောင်ဇေယျလမ်းတွင်နေထိုင် သူတစ်ဦး ကပြောသည်။

သေဆုံးသွားသည့် အဘွားအိုဒေါ်သန်းသန်းတွင် လည်ပင်းထိုးသွင်း ဒဏ်ရာတစ်ချက်၊လည်ပင်းပြတ်ရှ ဒဏ်ရာတစ်ချက်နှင့် အပေါ်နှုတ်ခမ်း ပြတ်ရှ ဒဏ်ရာတစ်ချက်တို့ရရှိခဲ့ကြောင်းသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး သာကေတမြိုကနယ်ရဲစခန်းတွင် (ပ) ၂၄/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ (၃၀၂/၃၉၂) ဖြင့် အမှုဖွင့်ဆောင်ရွက် နေကြောင်းသိရသည်။

ဖြိုးဖြိုး

Leave a Reply