လှိုင်သာယာတွင်စက်ဘီးနှင့်ကားတိုက်မှုဖြစ်ပွား နှစ်ဦးသေဆုံး 

0
212

ရန်ကုန် ၊ ဇန်နဝါရီ ၁၁ ၊ ၂၀၁၈

ရန်ကုန်တိုင်းဒေသကြီး ၊လှိုင်သာယာမြို့နယ်တွင် စက်ဘီးနှင့် ကားတိုက်မှု ဖြစ်ပွားပြီးလူနှစ်ဦး သေဆုံးကြောင်းလှိုင်သာယာမြို့မရဲစခန်းမှသိရသည်။

လှိုင်သာယာမြို့နယ်(၃)ထိပ်နှင့်(၅)ထိပ်ကြား ချမ်းသာကြီး အပေါင်ဆိုင် ရှေ့တွင်ဇန်နဝါရီ၁၀ရက်၊ည၁၁နာရီခန့်အချိန်က အမည်မသိ အမျိုးသားနှစ်ဦး စီးနင်းလာသော စက်ဘီးကို ကားတစ်စီးမှ တိုက်ပြီး မောင်းပြေးသွားကြောင်း အခင်းဖြစ်နေရာတွင် လူနှစ်ဦး ပွဲချင်းပြီး သေဆုံးနေသည်ကို တွေ့သဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သေဆုံးသူများနှင့် မောင်းပြေးသူ ယာဉ်မောင်းတို့အား စုံစမ်းစစ်ဆေးဆဲ ဖြစ်ကြောင်းလှိုင်သာယာမြို့မ ရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိတစ်ဦးက ပြောသည်။

“ဖြစ်ဖြစ်ခြင်း ဒေသခံတွေက စခန်းကို လာအကြောင်းကြားတယ်။ အခင်းဖြစ်တဲ့နေရာရောက်တော့ လူနှစ်ယောက်ပွဲချင်းပြီးသေနေ တာတွေ့တယ်” ဟု လှိုင်သာယာမြို့နယ် ရဲစခန်းမှ တာဝန်ရှိ သူရဲအရာရှိတစ်ဦးမှပြောသည်။

အဆိုပါဖြစ်စဉ်ကို လှိုင်သာယာမြို့မရဲစခန်းမှ ယာဉ် ပ ၃၀၄(က)၊ ၂၇၉/၂၀၂ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွှက် နေကြောင်းသိရသည်။

မြတ်ဟိန်းကျော်

Leave a Reply