NLD ပါတီဝင်သုံးဦး ပြည်ခိုင်ဖြိုးပါတီသို့ ဝင်ရောက်

0
112

ဖေဖော်ဝါရီ ၂၂
ယဉ်ကေနွယ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသို့ NLD ပါတီမှ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၁ ဦး တို့သည် ပါတီအဖွဲ့ဝင်အဖြစ် ၀င်ရောက်လာကြောင်း သိရသည်။

ယနေ့ နေပြည်တော်ရှိ ဒက္ခိဏသိရီမြို့နယ် ကျေးစာဥကျေးရွာ တွင် ပါတီအဆိုပြုလွှာပေးအပ်ပွဲတွင် လာရောက်ဝင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် NLD ပါတီမှာ ထပထမဦးဆုံးလုပ်ခါစက ကျေးရွာထဲစည်းရုံးရေးမှူးပေါ့။ကျွန်တော်ကလိုက်ပြီးစုစည်းတာပေါ့ဗျာ NLD ထဲမင်းလည်းလိုက်ခဲ့ ငါလည်းလိုက်မယ်ဆိုတဲ့ စုစည်းတဲ့ကောင်ပါ။ကျွန်တော်တို့က အရင်ပါတီထက် ဆထက်တပိုးတိုးအောင် ကောင်းအောင်လုပ်မယ်ထင်လို့ဝင်ခဲ့တာပါ။ဒီပြညခိုင်ဖြိုးပါတီကို ၀င်တဲ့ရည်မှန်းချက်က အရင်ပါတီကလုပ်သွားတာတွေက တိုးတက်မှုလည်းရှိတယ်။မြင့်မားမှုလည်းရှိတယ်။အခုလက်ရှိတက်လာတဲ့ အစိုးရက ကျွန်တော်တို့မြင်ကွင်းမှာ ဘာမှ တိုးတက်အောင် လုပ်တာမတွေ့ဘူး။ဒါကြောင့် ပြည်ခိုင်ဖြိုးထဲကို ၀င်ခြင်းဖြစ်ပါတယ်”ကျေးစာဥကျေးရွာမှ ဦးကိုကိုက ပြောသည်။

ပါတီအဆိုပြုလွှာပေးအပ်ပွဲတွင် ကျေးရွာ ၆ ရွာမှ ၂၁၁ ဦး ၀င်ရောက်လာခဲ့ရာမှ NLD ပါတီ မှ ၃ ဦး ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ထိုသို့ဝင်ရောက်လာသူများအား ပါတီအဆိုပြုလွှာများပေးအပ်ခဲ့သည်။

အခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေး၊ ပါတီဗဟို အလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ပြည်ထောင်စုနယ်မြေပါတီဥက္ကဌဦးဝေလွင်၊ ပါတီဗဟိုအတွင်းရေးမှူး ဦးသိန်းထွန်း စသည့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

#TheFifthWave

Leave a Reply