ဆီဖြည့်နေစဉ် ဖုန်းပြောဆိုရာမှ ပေါက်ကွဲမှုဖြစ် လူတစ်ဦး သေဆုံး

0
110

ဖေဖော်ဝါရီ ၂၃
နိုင်လင်းဦး

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက္ကာမြောက်ရွာ ရေနံချက်ဖိုရပ်ကွက်တွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် (၁) နာရီအချိန်ခန့်က ဆီဘောက်ဆာတွဲယာဉ်အား ဆီဖြည့်နေစဉ် ဖုန်းပြောဆိုရာမှ ပေါက်ကွဲမှုဖြစ်ကာ လူတစ်ဦး သေဆုံးခဲ့ကြောင်း မုံရွာမြို့နယ်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ အောက်တိန်းဆီချပြီး ဒီဇယ်လာဖြည့်သည့် ဘောက်ဆာကားအပေါ်မှ ဆီဖြည့်နေစဉ် ဖုန်းပြောရာမှ အောက်တိန်းဆီငွေ့ဖြင့်ထိတွေ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် ဖုန်းပြောဆိုသူ ကိုခိုင်မြင့်ဦး (၄၁) နှစ် သည် နေရာတွင် မီးလောင်ကျွမ်းသေဆုံးခဲ့ပြီး မီးလောင်ဆုံးရှုံးမှုမှာ (၇၅၅၀၀၀) ရှိကြောင်း မီးသတ်တပ်ဖွဲ့ က ထုတ်ပြန်ထားသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ကိုခိုင်မြင့်ဦးအား မုံရွာမြို့နယ် ရဲစခန်းတွင် (ပ)၄၈/၂၀၁၉ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅/၃၀၄ (က) ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

#TheFifthWave

Leave a Reply