ကတ်ရှ်မီးယားအကြပ်အတည်းအရှိန်မြင့်လာချိန်မှာ လေယာဉ်မှူးကို ပါကစ္စတန်ပြန်လွှတ်ပေးဖို့ အိန္ဒိယတောင်းဆို

0
168

ဖေဖော်ဝါရီ ၂၈
နိုင်ငံတကာသတင်း

အိန္ဒိယ-ပါကစ္စတန် ၂ နိုင်ငံကြားက ကတ်ရှ်မီးယားဒေသမှာ အကြပ်အတည်းအရှိန်မြင့်လာစေတဲ့အနေနဲ့ ပါကစ္စတန်ကပစ်ချလိုက်တဲ့ အိန္ဒိယစစ်လေယာဉ်က လေယာဉ်မှူးကို ပြန်လွှတ်ပေးဖို့ အိန္ဒိယကတောင်းဆိုလိုက်ပါတယ်။

မျက်နှာမှာသွေးထွက်နေပြီး မျက်စိကိုအ၀တ်စည်းခံထားရတဲ့လေယာဉ်မှူးပါတဲ့ရုပ်သံဖိုင်ကို ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးဌာနက တွစ်တာမှာတင်ခဲ့ပါတယ်။

ဒဏ်ရာရအမှုထမ်းတစ်ဦးကို နည်းလမ်းတကျထုတ်ပြတာမဟုတ်ဘူးလို့ အိန္ဒိယဘက်က အဲဒီဖြစ်ရပ်ကို ဝေဖန်ခဲ့ပါတယ်။

အိန္ဒိယက လူမှုကွန်ယက်အသုံးပြုသူတွေက အဲဒီလေယာဉ်မှူးကို သူရဲကောင်းတစ်ဦးအနေနဲ့ သတ်မှတ်နေကြပြီး ကျန်တဲ့လူတွေကတော့ ထိန်းချုပ်ကြဖို့ နှစ်နိုင်ငံလုံးကို #SayNoToWarဆိုတဲ့ hashတွေနဲ့တောင်းဆိုနေပါတယ်။

မကြာသေးမီက ကတ်ရှ်မီးယားဒေသကိုပိုင်းထားတဲ့မျဉ်းကိုကျော်ပြီး တိုက်ခိုက်ခဲ့တာဟာ ၁၉၇၁ ခုနှစ်က စစ်ပွဲအပြီးမှာ ပထမဆုံးဖြစ်ရပ်ပါ။

ပါကစ္စတန်က အိန္ဒိယလေယာဉ်နှစ်စီးကို ပစ်ချခဲ့တာက ကတ်ရှ်မီးယားဒေသကို ပိုင်တယ်လို့ပြောပေမဲ့ တစ်ခြမ်းစီပဲထိန်းချုပ်ထားနိုင်တဲ့အိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတို့ကြား တင်းမာမှုတွေပြန်မြင့်တက်စေခဲ့ပါတယ်။

အဲဒီပစ်ချတဲ့ဖြစ်ရပ်က ပါကစ္စတန်က စစ်သွေးကြွတွေရှိနေတယ်လို့အိန္ဒိယကပြောတဲ့နေရာကို အိန္ဒိယက လေကြောင်းကနေတိုက်ခဲ့ပြီးနောက်တစ်ရက်မှာဖြစ်လာတာပါ။

ဖေဖော်ဝါရီ ၁၄ ရက်က အိန္ဒိယအရံရဲတပ်ဖွဲ့ဝင်အယောက် ၄၀ သေခဲ့တဲ့ အဲဒီဂျေးရှ်အီမိုဟာမက်စစ်သွေးကြွအဖွဲ့ရဲ့လုပ်ရပ်ကို တုံ့ပြန်တဲ့အနေနဲ့ အိန္ဒိယက လေကြောင်းကနေပစ်ခဲ့တာပါ။

အိန္ဒိယအုပ်ချုပ်တဲ့အခြမ်းမှာ ပြီးခဲ့တဲ့နှစ် ၃၀ အတွင်း အသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ အသေခံဗုံးခွဲခဲ့တဲ့လုပ်ရပ်က သူတို့လက်ချက်လို့ အဲဒီအဖွဲ့ကအတည်ပြုခဲ့ပါတယ်။

အိန္ဒိယရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပါကစ္စတန်ရဲ့လေယာဉ်တွေပစ်ချမှုတွေကို အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီက တစုံတရာမှတ်ချက်မပြုသေးပါဘူး။

နှစ်ဖက်ဆွေးနွေးသင့်နေပြီလို့ ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရန် ခန်းက ပြောထားပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews

Leave a Reply