အကြီးစားစစ်ရေးလေ့ကျင့်မှုတွေကို ရပ်ဆိုင်းရန် အမေရိကန်နဲ့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးတွေ သဘောတူ

0
118

မတ် ၃
နိုင်ငံတကာသတင်း

ဆက်ဆံရေးနွေးထွေးစေဖို့ အားထုတ်နေကြချိန်မှာပဲ အကြီးစားပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေရပ်တော့မယ်လို့ အမေရိကန်နဲ့တောင်ကိုရီးယားတို့ သဘောတူခဲ့ကြပါတယ်။

အသေးစားစစ်ရေးလေ့ကျင့်မှုတွေဆက်လုပ်သွားဖို့ရှိပေမဲ့ အကြီးစားပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေရပ်တော့မှာပါ။

ပြီးခဲ့တဲ့နှစ်က ပထမအကြိမ်အမေရိကန်-မြောက်ကိုရီးယာယထိပ်သီးအစည်းအဝေးအပြီးမှာ စစ်ရေးလေ့ကျင့်မှုတချို့ကို အမေရိကန်နဲ့တောင်ကိုရီးယားတို့ရွှေ့ဆိုင်းခဲ့ပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေက နှစ်နိုင်ငံပေါင်းပြီး ကျူးကျော်ဝင်ရောက်ဖို့ စီစဉ်ထားတာလို့ မြောက်ကိုရီးယားဘက်က သတ်မှတ်ထားပါတယ်။

Foal Eagleနဲ့ Key Resolveပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေ အဆုံးသတ်ဖို့ စနေနေ့က ကာကွယ်ရေးဝန်ကြီးနှစ်ဦး ဖုန်းကနေတဆင့်သဘောတူခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်ရဲ့ထုတ်ပြန်ချက်မှာပါဝင်ပါပေမဲ့ ယာယီလား၊ အမြဲတမ်းလားဆိုတာတော့ မသဲကွဲသေးပါဘူး။

စစ်ရေးလေ့ကျင့်မှုတွေရွှေ့ဆိုင်းတာက အမေရိကန်-တောင်ကိုရီးယားကာကွယ်ရေးစွမ်းရည်ကို မြောက်ကိုရီးယားဘက်က လျှော့တွက်နိင်တယ်လို့ ဝေဖန်သူတချို့ကပြောပေမဲ့ တချို့ကတော့ အဲဒီအချက်တွေက မခိုင်လုံဘူးလို့ သုံးသပ်နေပါတယ်။

ကိုရီးယားကျွန်းဆွယ်ကနေ တပ်ပြန်ဆုတ်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့် ကအမိန့်ထုတ်ခဲ့ဖူးပေမဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ကုန်ကျစရိတ်နဲ့ပတ်သက်လို့လည်း အကြောင်းပြချက်တွေပေးဖူးပါတယ်။

တောင်ကိုရီးယားမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃၀၀၀၀ ကျော်ရှိပါတယ်။

Source -BBC
#ဥက္ကာ
#TheFifthWaveNews

Leave a Reply