ထိုင်းထီဖွင့်ပွဲ တီဗွီမှာတိုက်ရိုက်လွှင့်နေတုန်း အစီအစဉ်တင်ဆက်သူအမျိုးသမီးကို ဝက်အူလှည့်နဲ့ထိုးဖို့ကြံစည်ခဲ့

0
112

မတ် ၂
နိုင်ငံတကာသတင်း

မနေ့က ထိုင်းအစိုရထီဖွင့်ပွဲမှာ စိတ်ရောဂါဖြစ်ခဲ့ဖူးတဲ့အမျိုးသမီးတစ်ဦးက အစီအစဉ်တင်ဆက်နေတဲ့အမျိုးသမီးကို ဝက်အူလှည့်နဲ့ထိုးဖို့ ကြံစည်ခဲ့တဲ့ဖြစ်ရပ်ဖြစ်ခဲ့ပါတယ်။

ဖတ်သလောင်းခရိုင်ရဲ့မြို့တော်ခန်းမမှာ ထီဖွင့်ပွဲလုပ်ခဲ့တာကို ထိုင်းကChannel 5က တိုက်ရိုက်လွှင့်ခဲ့ပြီးတော့ အစီအစဉ်တင်ဆက်သူ သာနန်ယာ ပီပစ်ဝစ်ချာကန်က တင်ဆက်နေတာပါ။

ဒေသအုပ်ချုပ်ရေးအဖွဲ့အတွက် ထိုင်းအစိုးရထီရုံးက လှူတာကို သာနန်ယာကပြောပြနေတုန်း ဖတ်သာလောင်းခရိုင်မှာနေတဲ့ အသက် ၃၅ နှစ်အရွယ် ပရာပါပန်ဆိုတဲ့အမျိုးသမီးက သူ့လည်ပင်းကို ဝက်အူလှည့်နဲ့ဝင်ထောက်ခဲ့တာပါ။

တိုက်ရိုက်ထုတ်လွှင့်နေတာကို ရိုက်ကူးနေတဲ့ကင်မရာတွေကိုကျော်ပြီး ပရာပါပန်က သာနန်ယာကို ဝက်အူလှည့်နဲ့ထောက်ခဲ့တာကို ရုပ်သံမှတ်တမ်းတွေမှာတွေ့ရပါတယ်။

ပရာပါပန်က စိတ်ရောဂါရှိနေပုံပေါ်တယ်လို့ ထိုင်းရဲထောက်လှမ်းရေးတွေကပြောပါတယ်။

ပရာပါပန်ရဲ့လုပ်ရပ်ကြောင့် တိုက်ရိုက်ထုတ်လွှင့်တာကို ရပ်ခဲ့ရပြီး သာနန်ယာလည်း လည်ပင်းမှာ ဒဏ်ရာနည်းနည်းရခဲ့ပါတယ်။

ဖက်သာလောင်းအကြောင်း သိစေရမယ်လို့ ပရာပါပန်က အော်ဟစ်ခဲ့တာကို ကြားကြတယ်လို့ The Nationရဲ့သတင်းမှာဖော်ပြပါတယ်။

Source-The Nation
#ဥက္ကာ
#TheFifthWaveNews

Leave a Reply