ချိန်းတွေ့နေသည့် သမီးရည်းစားကို ရိုက်နှက်ပြီး ဆိုင်ကယ်နှင့် ဖုန်းလုယူသူများကို ဖမ်းမိ

0
197

မန္တလေး၊ ဇန်နဝါရီ ၁၂၊ ၂၀၁၈

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်အတွင်းရှိ သိင်္ဂဇာချောင်းဘေးတွင် ချိန်းတွေ့နေသည့် သမီးရည်းစားစုံတွဲကို ရိုက်နှက်ပြီး ၄င်းတို့ထံမှ ဆိုင်ကယ်နှင့် ဖုန်းလုယူထွက်ပြေးသူများကို ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ဖမ်းဆီး ရမိခဲ့ကြောင်း မန္တလေးတိုင်း ဒေသကြီးရဲတပ်ဖွဲ့မှူးရုံး က သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီလ (၇) ရက် ၊ ည (၈) နာရီကျော်အချိန်က သမီးရည်းစားနှစ်ယောက် ချိန်းတွေ့အပြီး ထပြန်ရန်စီစဉ်နေချိန်တွင် အမည်မသိ လူသုံးဦးက ယောက်ျားလေးကို ဓားနှောင့်ဖြင့်ရိုက်ကာ ဆိုင်ကယ်နှင့် ဖုန်းလုယူထွက်ပြေးသွားခြင်းဖြစ်သည်။

ရိုက်နှက်လုယက်မှုကြောင့် စိုးလှိုင်မိုး (၁၈)နှစ် တွင် ဦးခေါင်းပေါက်ပြဲ ဒဏ်ရာနှင့်လက်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး လုယက်သွားသည့် အမည်မသိအမျိုးသား သုံးဦးကို အမှတ် (၆) နယ်မြေရဲစခန်းတွင် (ပ)၈/၂၀၁၈၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၉၄ အရ အမှုဖွင့်ထားကြောင်း သိရသည်။

ယင်းအမှုကို ကျူးလွန်သူများမှာ ဌေးအောင်ကျော်(ခ)တရုတ်ကြီး၊ မင်းခန့်(ခ)တူးမောင်၊ ဇေရဲ(ခ)ဇေကြီးတို့ ၃ ဦး ဖြစ်ပြီး ၈၆ လမ်း၊ လှေအသင်းလမ်းထောင့်ရှိ ငချိတ်ခေါင်ရည်ဆိုင်ရှေ့တွင် လုယက်ခံရသည့် ဆိုင်ကယ်နှင့်ပုံစံတူ ဆိုင်ကယ်တစ်စီးနှင့်အတူ ကျူးလွန်ရာတွင် တရားခံများအသုံးပြုစီးနင်းခဲ့သော ဆိုင်ကယ် တစ်စီးတို့အား တွေ့ရှိရသဖြင့် ဆိုင်အတွင်း ၀င်ရောက် စစ်ဆေးရာ မှ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

နိုင်လင်းဦး

Leave a Reply