မစ်ဒယ်ဝိတ်ချန်ပီယံကာကွယ်မည့် တူးတူးအတွက် ယူကရိန်းဖိုက်တာ 

0
234

ရန်ကုန် ၊ ဇန်န၀ါရီ ၁၂ ၊ ၂၀၁၈

မစ်ဒယ်ဝိတ်တန်းချန်ပီယံတူးတူး၏ ချန်ပီယံကာကွယ်ပွဲအဖြစ် ယူကရိန်းဖိုက်တာ Vasyl Sorokin ကိုရွေးချယ် ထားကြောင်း မြန်မာလက်ခမောင်းကုမ္ပဏီမီဒီယာပြန်ကြားရေးတာဝန်ခံ ကိုအောင်သူကပြောသည်။

ကမ္ဘာ့လက်ဝှေ့ချန်ပီယံပြိုင်ပွဲ WLC-4 ပြိုင်ပွဲကို နေပြည်တော်ရှိ ၀ဏ္ဏသိဒ္ဓိအားကစားရုံတွင်ဖေဖော်ဝါရီ ၁၇ ရက်နေ့ တွင်ကျင်းပမည်ဖြစ်ပြီးတွဲဆိုင်း၇ဆိုင်းပါဝင်မည့် အဆိုပါပြိုင်ပွဲကို ဗလာလက်သီးဘုရင် Bare-Knuckre King အမည်ဖြင့် ကျင်းပမည်ဖြစ်သည်။

တူးတူးနှင့်ယှဉ်ပြိုင်ရမည့် ယူကရိန်းဖိုက်တာ ဆိုရိုကင်မှာ အသက် ၁၉နှစ်ရှိပြီး အရပ်၆ပေလက်မ၀က်ရှိကာ ၁၈ပွဲနိုင် ၅ပွဲရှုံးရလာဒ်ရရှိထားပြီး နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ဒီဇင်ဘာ ၂၃ရက်နေ့က Thai Fight ပြိုင်ပွဲတွင်ထိုင်းနိုင်ငံမှ မွေထိုင်းနာမည်ကြီး ဆူစခွန်ကို အနိုင်ရရှိခဲ့ကြောင်းသိရသည်။

WLC-4 Bare-Knuckre King ပြိုင်ပွဲတွဲဆိုင်း ၇ဆိုင်းတွင် အမျိုးသမီးတွဲဆိုင်းအဖြစ် မြွေဟောက်မင်းကလပ်မှ ရွှေဇင်မင်း နှင့် ကမ္ဘောဒီယားနာမည်ကြီးလက်ဝှေ့မယ် Eh Yaunt တို့ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

WLC မစ်ဒယ်ဝိတ်တန်းချန်ပီယံတူးတူးသည် ၂၀၁၇ နိုဝင်ဘာ ၄ရက်နေ့ကရန်ကုန်မြို့သုဝဏ္ဏမိုးလုံလေလုံအားကစားရုံ တွင်ကျင်းပခဲ့သည့်WLC 3ပြိုင်ပွဲတွင် ပြိုင်ဘက်သြစတြေးလျ နိုင်ငံသားမိုက်ကယ်ဘာဒါတိုကို အမှတ်ဖြင့်အနိုင်ရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့သည်။

ကိုဥာဏ်

ဓာတ်ပုံ – WLC – World Lethwei Championship

Leave a Reply