မန္တလေးတွင် တရုတ်လူမျိုး (၂) ဦးထံက မူးယစ်ဆေးဝါး အမြောက်အများ ဖမ်းဆီးရမိ

0
222

မတ် ၆
နိုင်လင်းဦး

မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ မြို့တောရွာ ဝက်မွေးမြူရေးလုပ်သည့် ခြံအတွင်းနေထိုင်သည့် တရုတ်လူမျိုး (၂) ဦးထံမှ မတ်လ ၅ ရက်နေ့ ညနေပိုင်းအချိန် က မူးယစ်ဆေးဝါ အမြောက်အများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည် ။

ဖြစ်စဉ်မှာ သတင်းအရ တရုတ်လူမျိုး ချီစိမ်းမင် (၄၃) နှစ်၏နေအိမ်သို့ ဝင်ရောက်ရှာဖွေရာ ၎င်းအားအသင့်တွေ့ရှိပြီး နေအိမ်အိပ်ခန်းဝင်ပေါက်နံရံတွင် ချိတ်ဆွဲထားသည့်လွယ်အိတ်အတွင်းရှိ ပိုက်ဆံအိတ်ထဲ မှ ICE အကြည်ရောင်ပုံဆောင် ခဲ ၀.၁ ဂရမ်ခန့်စီပါ (၇) ပိုက်အား ရှာဖွေတွေ့ရှိခဲ့သည် ။

ထို့နောက် မီးဖိုချောင်အတွင်း မီးဖိုချောင်သုံးပစ္စည်းများထားသည့်စင်ပေါ်ရှိ ကော်ဘူးထဲ မှ 88/1 စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၆၅ ပြား ၊ နေအိမ်အနီးဝက်မွေးမြူရေးခြံစင်ပေါ်မှ သေချာထုတ်ပိုးထားသည့် 88/1 စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားစီပါ ၁၀ ထုပ်စီး ၅ ထုပ်နှင့် ၂၀၀ ပြားပါ ၆ ထုပ်၊ ဆေးပြားပေါင်း ၁၁၂၀၀ ပြားအားတွေ့ရှိသိမ်းဆည်း ရမိခဲ့သည် ။

နေအိမ်ခြံဝန်းအတွင်း ဆက်လက်ရှာဖွေရာ ရေချိုးခန်းအတွင်း၌ ရင်ဖေ့လန်(ခ) ထွန်းဖာ (၆၈) နှစ် အားတွေ့ရှိပြီး ၎င်းအနီးကြမ်းပြင်ပေါ်မှ အဖြူရောင်ကြွပ်ကြွပ်အိတ်အပိုင်းအစဖြင့်ထုပ်လျက် 88/1 စာတန်းပါပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား (၆) ပြားနှင့် မူးယစ်ဆေးဝါးသုံးစွဲ ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအားတွေ့ရှိသိမ်းဆည်းရမိခဲ့သည် ။

မူးယစ်ဆေးဝါးများမှာ ချီစိမ်းမင် (၄၃) နှစ်၏နေအိမ်သို့ မကြာခဏလာရောက်သည့် လောက်ကိုင်မြို့နယ် မှ တရုတ်လူမျိုး တစ်ဦးက သိမ်းဆည်းထားရန်အပ်နှံထားခြင်းဖြစ်ပြီး လာရောက်မယူခင် ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း မှုခင်းမှတ်တမ်းများ အရသိရသည် ။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ချီစိမ်းမင် နှင့် ရင်ဖေ့လန်(ခ) ထွန်းဖာအား အုန်းချောနယ်မြေ ရဲစခန်းတွင် မယ (ပ)၁၈/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရပုဒ်မ ၁၉ (က)/၂၀ တို့ဖြင့် အမှုဖွင့် ဖမ်းဆီးထားကြောင်း သိရသည် ။

Leave a Reply