မြန်​မာနိုင်​ငံမှာ အမုန်းစကား​တွေပျံ့နှံ့​နေပြီး လွတ်​လပ်​ခွင့်​နည်းလာတယ်လို့ ယန်​ဟီလီ​ဝေဖန်

0
117

မတ်​ ၆
နိုင်​ငံတကာသတင်း

မြန်​မာနိုင်​ငံမှာ အမုန်းစကား​တွေပျံ့နှံ့​နေတဲ့သ​ဘောသဘာဝကို ကုလသမဂ္ဂရဲ့မြန်​မာနိုင်​ငံလူ့အခွင့်​အ​ရေးဆိုင်​ရာအစီရင်​ခံစာတင်​သွင်းသူ ယန်​ဟီလီက​ဝေဖန်​လိုက်​ပါတယ်​။

အင်္ဂါ​နေ့ကထုတ်​ပြန်​တဲ့အစီရင်​ခံစာတစ်​ခုမှာ မြန်​မာနိုင်​ငံမှာ အမုန်းစကား​တွေအမြစ်​တွယ်​​နေပြီလို့ ယန်​ဟီလီက​ဝေဖန်​လိုက်​တာပါ။

ယန်​ဟီလီကို မြန်​မာအစိုးရက ပြည်​ဝင်​ခွင့်​ပိတ်​ထားပါတယ်​။

ပြီးခဲ့တဲ့ဒီဇင်​ဘာက မြန်​မာအစိုးရက ယန်​ဟီလီဆီပို့ခဲ့တဲ့စာမှာ ပြီးခဲ့တဲ့ယန်​ဟီလီရဲ့အစီရင်​ခံစာ​တွေက ပုဂ္ဂိုလ်​​ရေးခံစားချက်​​တွေပါ​နေပြီး ဘက်​လိုက်​တာ​တွေရှိ​နေတယ်​လို့ ပါဝင်​ပါတယ်​။

မြန်​မာနိုင်​ငံသား​တွေက ဆယ်​စုနှစ်​ချီ ရက်​စက်​မှု​တွေနဲ့​တွေ့ကြုံခဲ့ရပြီးပါပြီ။ နိုင်​ငံတကာက အ​ရေးတယူ​ဆောင်​ရွက်​ခြင်းမရှိတာနဲ့ အ​ရေးတယူ​ဆောက်​ရွက်​ဖို့ ​နှောင့်​​နှေး​နေတာက ​နောက်​ထပ်​မတရားမှုလို့လည်း လီက​ပြောပါတယ်​။

မြန်​မာနိုင်​ငံမှာ လူ့အခွင့်​အ​ရေးအား​ကောင်းလာ​စေဖို့ ခိုင်​မာတဲ့​ဆောင်​ရွက်​မှု​တွေလုပ်​သွားဖို့လည်း ကမ္ဘာ့လူမှုအသိုက်​အဝန်းကို လီကတိုက်​တွန်းခဲ့ပါတယ်​။

မြန်​မာဘက်​က​တော့ သူ့အစီရင်​ခံစာကို တစုံတရာမတုံ့ပြန်​​သေးပါဘူး။

အဲဒီအစီရင်​ခံစာကို မတ်​လ ၁၁ ရက်​မှာပြုလုပ်​မယ့်​ကုလသမဂ္ဂလူ့အခွင့်​အ​ရေး​ကောင်​စီအစည်းအ​ဝေးမှာတင်​သွင်းမယ်​လို့ ​မျှော်​လင့်​ရပါတယ်​။

Source-Aljazeera

#ဥက္ကာ
#TheFifthWaveNews

Leave a Reply