လွိုင်ကော်ဆန္ဒပြလူငယ် ၅ဦးကို ထောင်ဒဏ်ရက်၂၀ ချမှတ်

0
134

ရန်ကုန် – ဇန်န၀ါရီ ၁၂ ၊ ၂၀၁၈

လွိုင်ကော်တွင်ငြိမ်းစုစီဥပဒေဖြင့်အညီဆန္ဒထုတ်ဖော်ခဲ့ခြင်းမရှိသည့် လူငယ်ငါးဦးကို လွိုင်ကော်မြို့နယ်တရားရုံးက ထောင်ဒဏ် ၇က်၂၀ချမှတ်ခဲ့ကြောင်းသိရသည်။

KNPPတပ်ဖွဲ့ဝင်သုံးဦးနှင့် အရပ်သားတစ်ဦး သေဆုံးမှုအတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၂ရက်နေ့ ကအမှုမှန် ပေါ်ပေါက်ရန် ဆန္ဒ ထုတ်ဖော်ခဲ့သည့် လူငယ်ခေါင်းဆောင် ငါးဦးကို လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူး ငြိမ်းချမ်းစွာ စုဝေးဟောပြောခွင့်နှင့် စီတန်းလှည့်လည်ခြင်း ဆိုင်ရာဥပဒေပုဒ်မ-၁၉အရ လွိုင်ကော်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ပြီး လေးကြိမ်မြောက် ရုံးချိန်းအပြီးတွင် ထောင်ဒဏ်ရက်၂၀ချမှတ်ခဲ့ခြင်းဖြစ်သည်။

“ဒဏ်ငွေသုံးသောင်းပေးဆောင်မလားလို့ လူငယ်တွေကိုမေးတော့ လူငယ်တွေကမပေးဆောင်ဘူး ဒီကိစ္စကိုအများပြည်သူတွေ ဒီထက်ပိုပြီးအာရုံစိုက်နိုင်အောင် ထောင်ဒဏ် ရက်၂၀ကိုပဲ ရွေးလိုက်တာဖြစ်တယ်”ဟု တရားရုံးချိန်းများတွင် ကူ ညီဆောင်ရွက်ပေးနေသူ ကယန်းမျိုးဆက်သစ်လူငယ် KNGYမှ ခွန်းအေထန်းကပြောသည်။

ဆန္ဒထုတ်ဖော်ခဲ့စဉ်က ငြိမ်းစုစီဥပဒေပုဒ်မအား အယုံအကြည်မရှိ၍ ယင်းဥပဒေအရ ဆန္ဒထုတ်ဖော်ခွင့်၄၈နာရီကြိုတင် အသိပေး အကြောင်းကြားမှုကို လုပ်ဆောင်ခဲ့ခြင်းမရှိခဲ့ကြောင်းသိရသည်။

အရပ်သားသေဆုံးမှုနှင့်ပတ်သတ်၍ အမှုမှန်ပေါ်ပေါက်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကရင်နီအ မျိုးသားတိုးတက်ရေးပါတီKNPPမှ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနတို့ကိုဖြေရှင်း ဆောင်ရွက်ရန်လုပ်ဆောင်နေသောကြောင့် အစိုးရ၏ တုန့်ပြန်မှုကို ဆက်လက်စောင့်ကြည့်မည်ဟု ခွန်းအေထန်းကပြောသည်။

“ကျွန်တော်တို့အစိုးရရဲ့ဘာဆုံးဖြတ်မလဲကို စောင့်ကြည့်ရပါအုံးမယ်။ အစိုးရဘက်ကတုံ့ပြန်မှုကထူးခြားမှုမရှိတော့ရင် တော့ ကျွန်တော်တို့ လူငယ်အဖွဲ့တွေအကုန်တိုင်ပင်ပြီး အမှုမှန်ပေါ်ပေါက်ဖို့ ဆက်လက် လုပ်ဆောင်သွားမှာပါ”ဟု ခွန်း အေထန်းကပြောသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သတ်၍ တာဝန်ရှိသူများသည် အရပ်သား သတ်ဖြတ်ခံရမှုကိုလျစ်လျူရှု၍ ဆန္ဒထုတ်ဖော်သည့် လူငယ်များကို သာတရားစွဲဆိုခဲ့ကြောင်း ယင်းဖြစ်စဉ်တွင် ကယားပြည်နယ်၏ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့်ဥပဒေ ပြုရေးကဏ္ဍသုံးရပ်လုံးသည် ပြည်သူကိုအကာအကွယ်မပြုနိုင်တော့ပဲ ဖိနှိပ်အားပြုနေသောကြောင့် ကယားပြည်နယ် လွှတ်တော်၏ ပြည်သူအပေါ်ကိုယ်စားပြုမှုကို အယုံအကြည်မရှိတော့သောကြောင့် ကယားပြည်နယ်လွှတ်တော် တိုင်စာ၊ပစ်စာလေ့လာဆန်းစစ်ရေးကော်မတီဝင်များသည် ကော်မတီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ကြောင်း (မော်မိုးမြာ၊နော်ဖော်ဝါး၊ ခူးတူရယ်နှင့်ဦးအန်းဂျေလို) ကော်မတီအဖွဲ့ဝင်လေးဦးက ဇန်န၀ါရီ ၁၀ရက်နေ့ရက်စွဲဖြင့် ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌထံသို့ နှုတ်ထွက်စာပေးပို့ခဲ့သည်။

“ပြည်နယ်နဲ့ပတ်သတ်တဲ့အရေးကိစ္စတွေမှာ လွှတ်တော်ရေးရာကော်မတီ နဲ့ လွှတ်တော်ကဆောင်ရွက်ပေးရမယ့်ဟာကို လုပ်ဆောင်ဖို့ နှောင့်နှေးနေတာတွေ တာဝန်ရှိတဲ့သူတွေရဲ့ လစ်လျူရှုနေတာတွေ ကြောင့် ဆက်လက်ထမ်းဆောင်ဖို့အတွက် လွှတ်တော်ကို အယုံအကြည်မရှိတော့လို့ နှုတ်ထွက်ခဲ့တာပါ”ဟု မော်မိုးမြာက နှုတ်ထွက်ခဲ့သည့်နေ့တွင် ပဉ္စမလှိုင်းသို့ပြောကြားထားသည်။

ကိုဥာဏ်

Leave a Reply