ဆန်းချက်ဇ်ကို မန်စီးတီးထံမှ ဖြတ်လုရန် မန်ယူစီစဉ်နေ

0
521

ဇန်န၀ါရီ ၁၂ ၊ ၂၀၁၈
မန်ယူအသင်းသည် အာဆင်နယ်တိုက်စစ်မှူး အလက်ဆစ် ဆန်းချက်ဇ်ကို မန်စီးတီးထံမှ ဖြတ်လုဖို့ စီစဉ်နေတယ်ပါတယ်။
ကနဦးသတင်းများအရ ဆန်းချက်ဇ်ဟာ မန်စီးတီးသို့ ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းဖြင့် ပြောင်းရွှေ့ဖို့ အကြိုသဘောတူညီခဲ့ပြီလို့ သိရပြီး ယနေ့သတင်းများအရ မန်ယူအသင်းက ကြားဖြတ်ခေါ်ယူနိုင်ဖို့ စီစဉ်နေခြင်း ဖြစ်ပါတယ်။
မန်ယူဟာ ဆန်းချက်ဇ်ရဲ့ ပြောင်းရွှေ့ကြေးအတွက် ပေါင်သန်း ၃၀ နှင့် မစ်ခိတာရန်တို့ကို အလိုက်ပေးပြီး ကမ်းလှမ်းဖို့ စီစဉ်နေပါတယ်။ဒါ့အပြင် တစ်ပတ်လုပ်ခကိုလည်း ပေါင် နှစ်သိန်းခုနစ်သောင်းငါးထောင်အထိ ပေးဖို့ စီစဉ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ဆန်းချက်ဇ်အတွက် ပေါင် ၃၅သန်း အလိုရှိနေပြီး မန်စီးတီးရဲ့ ကြေးတိုးမြင့်ကမ်းလှမ်းလာမှုကို စောင့်နေပါတယ်။ ဆန်းချက်ဇ်ဟာ ဘာစီလိုနာအသင်းမှ ပြောင်းရွှေ့ကြေး ပေါင်၃၃သန်း ဖြင့် အာဆင်နယ်ကို ရောက်ရှိခဲ့ပြီး ယခုအခါ ယခင်ဘာစီလိုနာ နည်းပြဟောင်း ဂွာဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးကို ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေသူ ဖြစ်ပါတယ်။

အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးဟာ ဆန်းချက်ဇ်ကို ယခုနှစ် ဘောလုံးရာသီ အကုန်အထိ အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ မျှော်လင်လျှက်ရှိပါတယ်။ မန်စီးတီးအသင်းကလည်း လာမယ့် နွေရာသီအပြောင်းအရွှေ့ ဈေးကွက်မှာ ဆန်းချက်ဇ်ကို ကမ်းလှမ်းမယ်ဆိုရင် အလွှတ်ပြောင်းရွှေ့ကြေးနဲ့ ရရှိမှာ ဖြစ်တာကြောင့် ဆန်းချက်ဇ်ရဲ့ အခြေအနေကို စောင့်ဆိုင်းလျှက်ရှိပါတယ်။

ယခုအခါ ဆန်းချက်ဇ်ရဲ့ အပြောင်းအရွှေ့အတွက် မန်ယူအသင်းကပါ ပါဝင်လာပြီဖြစ်တာကြောင့် ဇန်န၀ါရီဈေးကွက်ပိတ်ချိန်မှာ ဆန်းချက်ဇ်အနေနဲ့ ဘယ်ကိုရောက်မယ်ဆိုတာ စိတ်ဝင်စားဖွယ် ရှိနေပါတယ်။

NN

Leave a Reply