ရဲစခန်းကိုရုတ်​သိမ်းလိုက်​သဖြင့်​ အရေးပေါ်လုံခြုံရေးဆောင်​ရွက်​နိုင်​ရန် မြို့နယ်​အုပ်​ချုပ်​ရေးမှူးထံ အကူအညီတောင်းထား

0
296

မတ်​ ၁၁
ညိုမှိုင်း

ရခိုင်​ပြည်​နယ်​အတွင်းမှ လုံခြုံရေးအားနည်းနေသည့်​ ရဲစခန်း ၄ခုကို ယမန်​နေ့ညနေပိုင်းက ရုတ်​သိမ်းလိုက်​ပြီး လုံခြုံရေးတိုးမြှင့်​ရန်​လိုအပ်​သည့်​စခန်းများနှင့်​ ပူးပေါင်းလိုက်​ခြင်းဖြစ်​သည်​။

ရုတ်​သိမ်းလိုက်​သည့်​စခန်းများမှာ ပန်းမြောင်း နယ်​မြေရဲစခန်း၊ အိုးဖောက်​နယ်​ခြားစောင့်​ရဲစခန်း၊ ချွတ်​ပြင်​နယ်​ခြားစောင့်​ရဲစခန်းနှင့်​ စေတီတောင်​ရဲစခန်းတို့ဖြစ်​သည်​။

“ရဲစခန်းကို မနေ့ညနေကရုတ်​သိမ်းသွားတာပါ။ နယ်​မြေလုံခြုံရေးဆောင်​ရွက်​နေတဲ့ ရဲစခန်းကိုရုတ်​သိမ့်​လိုက်​တော့ အရေးပေါ်လုံခြုံးကိစ္စတွေပေါ်ပေါက်​လာရင်​ ဘယ်​လိုလုပ်​မလဲဆိုပြီးတော့ မြို့နယ်​အုပ်​ချုပ်​ရေးမှူးဆီကို တင်​ပြထားပါတယ်​။”လို့ ပန်းမြောင်းကျေးရွာအုပ်​ချုပ်​ရေးမှူး ဦးတင်​အောင်​ကျော်​က ပြောသည်​။

ရုတ်​သိမ်းလိုက်​သည့်​ ပန်းမြောင်းဝခန်းအား မင်းပြားမြို့မရဲစခန်းတွင်​ပေါင်းထားပြီး ရသေ့တောင်​မြို့နယ်​မှ ချွတ်​ပြင်​ရဲစခန်းကို သဇင်​မြိုင်​စခန်းနှင့်​ပေါင်းကာ အိုးဖောက်​စခန်းကို ဘူးသီးတောင်​မြို့နယ်​မှ ညောင်​ချောင်းစခန်းနှင့်​ ပူးပေါင်းထားလိုက်​ခြင်းဖြစ်​သည်​။

“ကျွန်​တော်​တို့က အုပ်​ချုပ်​ရေးအပိုင်းကိုပဲတာဝန်​ယူရတာဆိုတော့ အဲ့ဒီ လုံခြုံရေးနဲ့ပါတ်​သက်​လို့ နားမလည်​ဘူးဗျ။ ဒါကြောင့်​ လုံခြုံရေးအတွက်​ကို စိုးရိမ်​ရတာပေါ့နော်​။ လောလောဆယ်​မှာတော့ ရပ်​ရွာလူကြီးတွေနဲ့ ပူးပြောင်းပြီးတော့ လိုအပ်​သလိုဆောင်​ရွက်​နေပါတယ်​။”ဟု ပြန်းမြောင်းအုပ်​ချုပ်​ရေးမှူးကပြောသည်​။

ယခုကဲ့သို့ နယ်​မြေလုံခြုံရေးဆောင်​ရွက်​နေကြသည့်​ ရဲစခန်းများအား ရုတ်​သိမ်းလိုက်​ခြင်းမှာ မတ်​လ ၉ ရက်​နေ့ညကဖြစ်​ပွားခဲ့သည့်​ ယိုးတရုတ်​ရဲစခန်း စီးင်းခံရပြီး ရဲတပ်​ဖွဲ့ဝင်​ ၉ ဦးသေဆုံးခဲ့မှုကြောင့်​ လုံခြုံရေးအင်​အားဖြည့်​တင်းရန်​လိုအပ်​နေသည့်​ နယ်​မြေစခန်းများနှင့်​ ပူးပေါင်းလိုက်​ခြင်းဖြစ်​သည်​။

Leave a Reply