တိုက်​ပွဲအတွင်း စာပေါင်​ကျေးရွာသားများ ပိတ်​မိနေ

0
78

မတ်​ ၁၀
ညိုမှိုင်း

ရခိုင်ပြည်နယ် လေးမြို့မြစ်​ကြောင်းအတွင်း ဘုရားကြီးကျေးရွာနှင့်​ မော်​ရွာဟောင်းကျေးရွာအကြားတိုက်​ပွဲများဖြစ်​ပွားခဲ့ပြီး ၄ ရက်​အကြာတွင်​ ပြန်​လည်​ဖြစ်​ပွားနေခြင်းဖြစ်​သည်​။

အဆိုပါတိုက်​ပွဲမှာ ဘုရားကြီးကျေးရွာအနီးရှိ ခြိတ်​ချောင်းကျေးရွာနှင့်​ မြောက်​ဘက်​ စာပေါင်​ကျေးရွာအကြားတွင်​ ဖြစ်​ပွားနေခြင်းဖြစ်​ကာ စာပေါင်​ကျေးရွာသားများပိတ်​မိနေကြောင်း ဒေသခံများကပြောသည်​။

“တိုက်​ပွဲက မနေ့ကညနေပိုင်းမှာ စဖြစ်​တာကြားရတယ်​။ အဲ့ဒီနားမှာ စာပေါင်​ရွာရှိတယ်​။ နှစ်​ရွာကြားမှာဖြစ်​နေတာဆိုတော့ လာလို့မရဘူး။ ပိတ်​မိနေပါတယ်​။”ဟု ခြိတ်​ချောင်းကျေးရွာသားတစ်​ဦးကပြောသည်​။

ယင်းသို့ တိုက်​ပွဲများဖြစ်​ပွားနေသည့်​အတွက်​ ခြိတ်​ချောင်းနှင့်​ အနီးဝန်းကျင်​ရှိကျေးရွာသားများ ဘေးလွတ်​ရာသို့ ထွက်​ပြေးတိမ်းရှောင်​နေကြသည့်​အတွက်​ စင်္ဘောကိုင်း ကယ်​ဆယ်​ရေးစခန်းတွင်​ စစ်​ဘေးရှောင်​ဦးရေ ထပ်​မံများပြားလာနေကြောင်း သိရသည်​။

“စာပေါင်​ရွာက မြိုတိုင်းရင်းသားတွေနေတဲ့ရွာပါ။ သွားလာရေးခက်​ခဲပါတယ်​။ သူတို့လာမယ်​ဆိုရင်​ ခြိတ်​ချောင်းကိုပဲ လာရမှာတိုက်​ပွဲဖြစ်​နေတဲ့နေရာကိုဖြတ်​လာရမှာ။ ပြီးတော့ အဲ့ဒီနေရာမှာ တခြားရွာမရှိဘူး ရွာသားတွေ စိုးရိမ်​နေကြပါတယ်​။”ဟု ဘုရားကြီးရွာသားတစ်​ဦးကပြောသည်​။

ယခုကဲ့သို့ တိုက်​ပွဲများပြင်းပြင်းထန်​ထန်​ဖြစ်​ပွားနေသည့်​အတွက်​ ဒေသခံများစိုးရိမ်​လျက်​ရှိကာ စစ်​ဘေးရှေင်​များ ထပ်​မံတိုးပွားလာမည့်​အခြေအနေရှိနေကြောင်း ထွက်​ပြေားလာခဲ့ကြသည့်​ စစ်​ဘေးရှောင်​ကျေးရွာသားများကဆိုသည်​။

Leave a Reply