ဂျပန်ဖယ်ရီသင်္ဘောတိုက်မိလို့ လူ ၉၀ နီးပါးဒဏ်ရာရ

0
96

မတ် ၁၀
နိုင်ငံတကာသတင်း

ဂျပန်ပင်လယ်ပြင်မှာ ရေနေသတ္တဝါတစ်ကောင်နဲ့ အမြန်ရေယာဉ်ဖယ်ရီတိုက်မိခဲ့တယ်လို့ ယူဆရတဲ့ဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၈၇ ဦးဒဏ်ရာရခဲ့တယ်ဆိုပြီး ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့တွေနဲ့ ဒေသတွင်းမီဒီယာတွေရဲ့ဖော်ပြမှုတွေအရသိရပါတယ်။

စနေနေ့ကဖြစ်ခဲ့တဲ့အဲဒီဖြစ်ရပ်ကြောင့် ဆာဒိုကျွန်းကိုသွားနေတဲ့အဲဒီဖယ်ရီပေါ်မှာ လူ ၁၃ ဦးဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့ရဲ့အပြောကို ကိုးကားပြီး NHKသတင်းဌာနကဖော်ပြပါတယ်။

အဲဒီနေရာဟာ ကျောမှာဘုပါတဲ့ဝေလငါးနဲ့ မင်ကီဝေလငါးအမျိုးအစားတွေရှိတဲ့နေရာပါ။

တိုက်မိခဲ့ပေမဲ့ ပြင်ပအကူအညီမပါဘဲ ကမ်းကပ်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

သင်္ဘောပေါ်မှာ ခရီးသည် ၁၂၁ ဦးနဲ့ အမှုထမ်း ၄ ဦးလိုက်ပါလာပါတယ်။

Source-NHK

#ဥက္ကာ
#TheFifthWaveNews

Leave a Reply