ရာသီအကုန်တွင် ချယ်လ်ဆီးမှ ကွန်တီထွက်ခွာမည်ဟု သတင်းများ ထွက်ပေါ်

0
185

ဇန်န၀ါရီ ၁၂ ၊ ၂၀၁၈

ချယ်လ်ဆီးနည်းပြ ကွန်တီဟာ ယခုနှစ် ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးနဲ့ လမ်းခွဲတော့မယ်လို့ သတင်းများ ထွက်ပေါ်နေပြီး သူ့ရဲ့နေရာအတွက် ဂျူဗင်တပ်နည်းပြ အယ်လီဂရီနဲ့ ယခင်ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် အင်းနရစ်တို့ကို အစားထိုး ခန့်အပ်မယ်လို့ သိရပါတယ်။

ကွန်တီဟာ ချယ်လ်ဆီးအသင်းရဲ့ သက်တမ်းတိုး စာချုပ်ကို ထပ်မံချုပ်ဆိုခြင်း မရှိဘဲ ရာသီအကုန်မှာ သူ့ရဲ့ မွေးရပ်မြေဖြစ်တဲ့ အီတလီကို ပြန်လည်ခြေချဖို့ ပြင်ဆင်နေပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေဟာ ကွန်တီရဲ့ နေရာကို အစားထိုးဖို့အတွက် နည်းပြ အသစ်တစ်ယောက်ကို ရှာဖွေနေပြီ ဖြစ်ပါတယ်။ သတင်းများအရ နာပိုလီအသင်းရဲ့ နည်းပြ မူရီဇီယို ဆာရီ ၊ အက်သလက်တီ ကို မက်ဒရစ်အသင်းရဲ့ နည်းပြ ဒီယေဂို ဆီမြွန်နီတို့ကို ချယ်လ်ဆီးအသင်းမှ အလိုရှိသော်လည်း ဈေးနှုန်းမြင့်မားမှုကြောင့် ခေါ်ယူနိုင်ဖို့ အဆင်မပြေ ဖြစ်နေပါတယ်။

ယခင်ချယ်လ်ဆီး နည်းပြဟောင်း အန်ဆယ်လော့တီကို ခေါ်ယူမယ်ဆိုရင်တော့ အဆင်ပြေဖွယ်ရှိပေမယ့် ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေက ကြိုက်နှစ်သက်မှု မရှိကြပါဘူး။ဂျူဗင်တပ်အသင်းရဲ့ နည်းပြဖြစ်သူ အယ်လီဂရီကတော့ ၂၀၂၀ အထိ စာချုပ်သက်တမ်း ကျန်နေပါတယ်။ သို့သော် အယ်လီဂရီ အနေနဲ့ စိန်ခေါ်မှု အသစ်တွေ အတွက် အီတလီ ကနေ ထွက်ခွာဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်နေ ပါတယ်။ Aနာက်ဆုံးတစ်ဦးကတော့ ယခင် ဘာစီလိုနာ နည်းပြဟောင်း လူးဝစ် အင်းနရစ်ပဲ ဖြစ်ပါတယ်။အင်းနရစ်ဟာ ပရီးမီးယားလိဂ်မှာ လာရောက်ပြီး နည်းပြလိုစိတ်တွေ ဖြစ်နေတဲ့အတွက် ချယ်လ်ဆီးအသင်းရဲ့ နည်းပြအသစ်ဟာ အင်းနရစ်ဖြစ်လာနိုင်မလား ဆိုပြီး ဥရောပ မီဒီယာတွေက ခန့်မှန်းရေးသားနေကြပါတယ်။

ချယ်လ်ဆီးနည်းပြ ကွန်တီဟာ ရာသီအကုန်မှာ ချယ်လ်ဆီးက ထွက်ခွာပြီး ပြင်သစ်ကလပ် PSG ကို ပြောင်းရွှေ့ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ဒါ့အပြင် ရီးရဲမက်ဒရစ်မှ နည်းပြဇီဒန်းကို အလုပ်ထုတ်ပယ်ချိန်မှာ ကွန်တီဟာ နည်းပြအသစ် ဖြစ်လာနိုင်တယ်လို့ မီဒီယာတွေက ဆိုပါတယ်။

ကွန်တီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းကို အင်္ဂလန်အ မှတ်ပေး ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးခဲ့ပြီး FA ဖလားပြိုင်ပွဲမှာ လည်း ဗိုလ်လုပွဲသို့ ရောက်အောင်လည်း စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။သို့သော်လည်း အာဆင်နယ်ကို ရှုံးနိမ့်ပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရသူ ဖြစ်ပါတယ်။

NN

Leave a Reply