အွန်​လိုင်းမှာ အစ္စလာမ်​ဘာသာကို​စော်​ကားလို့ မ​လေးရှာနိုင်​ငံသားတစ်​ယောက်​ကို ​ထောင်​ဆယ်​နှစ်​ချ

0
32

မတ်​ ၁၀
နိုင်​ငံတကာသတင်း

ပ​ရောဖက်​မူဟာမက်​နဲ့ အစ္စလာမ်​ဘာသာကို​ လူမှုကွန်​ယက်​မှာ​စော်​ကားလို့ မ​လေးရှားနိုင်​ငံသားတစ်​ယောက်​ကို ​ထောင်​ဆယ်​နှစ်​​ကျော်​ချလိုက်​ပါတယ်​။

လူမျိုးစုံရှိတဲ့မ​လေးရှားနိုင်​ငံမှာ လူမျိုး၊ ဘာသာနဲ့ ဘာသာစကားတို့က အထိအရှမခံတဲ့ကိစ္စ​တွေပါ။

Facebookအသုံးပြုသူ Ayea Yeaလို့ပဲသိရတဲ့​ထောင်​ကျသွားသူကို ဘာသာ​ရေး​စော်​ကားမှုနဲ့ ဆက်​သွယ်​​ရေးကွန်​ရက်​​တွေကို အလွဲသုံးမှု ၁၀ မှုနဲ့ တရားစွဲခဲ့ပြီး တရားရုံးက ​ထောင်​ဆယ်​နှစ်​၊ ဆယ်​လ ကျခံရမယ်​လို့ မ​လေးရှားရဲချုပ်​ မိုဟာမက်​ ဖူဇီဟာရွန်​က​ပြောပါတယ်​။

ထုတ်​ပြန်​ချက်​မှာ ဘာလုပ်​တယ်​လို့ဆုံးဖြတ်​ခဲ့တယ်​ဆိုတာ မိုဟာမက်​က အ​သေးစိတ်​မ​ပြောခဲ့​ပေမဲ့ ​ထောင်​ဒဏ်​က ဆက်​တိုက်​ကျခံရ​မှာလို့​တော့ပါဝင်​ပါတယ်​။

မ​လေးဥပ​ဒေအရ ဘာသာ​ရေး​စော်​ကားတဲ့လုပ်​ရပ်​​တွေကို ​ထောင်​ဒဏ်​ နှစ်​နှစ်​က​နေ ငါးနှစ်​အထိ ကျခံရနိုင်​ပြီး ဆက်​သွယ်​​ရေးကွန်​ရက်​အလွဲသုံးတာက​တော့ အများဆုံး​ထောင်​ဒဏ်​တစ်​နှစ်​ဖြစ်​​စေ၊ ​ဒဏ်​​ငွေ ရင်းဂစ်​ငါး​သောင်း(မြန်​မာ​ငွေသိန်းတစ်​ရာ့ရှစ်​ဆယ်​ဝန်းကျင်​)ဖြစ်​​စေ၊ နှစ်​ခုလုံးဖြစ်​​စေ ကျခံရနိုင်​ပါတယ်​။

Source-AFP
#ဥက္ကာ
#TheFifthWaveNews

Leave a Reply