မောင်​တောမြို့မှ နေအိမ်​များတွင်​ ရခိုင်​ပြည်​နယ်​အလံများ လွှင့်ထူထား၊ အရေးယူရန် ပြည်နယ်အစိုးရ စီစဉ်

0
195

မတ်​ ၁၁
ညိုမှိုင်း

ရခိုင်​ပြည်​နယ်​ မြောက်​ပိုင်း နယ်​စပ်​မြို့ဖြစ်​သည့်​ မောင်​တောတွင်​ ရခိုင်​ပြည်​နယ်​အလံအား နေအိမ်​များတွင်​ လွှင့်​ထူထားကြောင်း မြို့ခံများကပြောသည်​။

အဆိုပါအလံများအား မတ်​လ ၁၀ ရက်​နေ့ကစတင်​လွှင့်​ထူခဲ့ကြခြင်းဖြစ်​ကာ ယခုကဲ့သို့လွှင့်​ထူရခြင်းမှာ ရခိုင်​ပြည်​သူများအနေဖြင့်​ ခံယူချက်​များ ထပ်​တူကျမှုကိုပြသခြင်းဖြစ်​ သည်ဟုဆိုသည်။

“ကျွန်​တော်​တို့မောင်​တောမှာက နေအိမ်​တွေမှာ ရခိုင်​ပြည်​နယ်​အလံတွေကို မနေ့ကစပြီးလွှင့်​ထူလိုက်​ကြတယ်​။ တခြားမြို့တွေမှာတော့ ဒီလိုလုပ်​တာကြာနေပြီ။ ဒါကတော့ ပြည်​သူတွေအားလုံး ခံယူချက်​ တူတယ်​။ ထပ်​တူကျတယ်​ဆိုတာကို ပြသတာဖြစ်​ပါတယ်​။”ဟု မြို့ခံတစ်​ဦးကပြောသည်​။

ယင်းသို့ လူနေအိမ်​များ မြို့ပေါ်ရပ်​ကွက်​ကျေးရွာများတွင်​ ရခိုင်​အလံလွှင့်​ထူမှုများ ပြုလုပ်​ကြသည့်​အတွက်​ လက်​ရှိတွင်​ စာရင်းကောက်​ယူမှုများပြုလုပ်​နေပြီး အရေးယူဆောင်​ရွက်​သွားမည်​ဖြစ်​ကြောင်း အစိုးရအဖွဲ့ကပြောသည်​။

“ရခိုင်​ပြည်​နယ်​အလံဟာ တရားဝင်​သတ်​မှတ်​ထားတဲ့အလံဖြစ်​ပါတယ်​။ ဒီအလံကိုလွှင့်​ထူတဲ့အတွက်​ အရေးယူမယ်​ဆိုတာကတော့ အဓိပ္ပါယ်​မရှိဘူး။ ဒီအလံကို အစိုးရလည်းသုံးတယ်​။ နိုင်​ငံရေးပါတီတွေလည်းသုံးတယ်​။ လူမှုအဖွဲ့အစွဲ့အစည်းတွေလည်းသုံးကြတယ်​။အရေးယူမယ်​ဆိုရင်​ အကုန်​လုံးယူရမှာပေါ့။”ဟု မြောက်​ဦးမြို့ခံတစ်​ဦးကပြောသည်​။

ယခုကဲလသို့ ရခိုင်​ပြည်​နယ်​အလံများအား နေအိမ်​များတွင်​လွှင့်​ထူသည့်​ လှုပ်​ရှားမှုကို မတ်​လ ၂ ရက်​နေ့တွင်​ မြောက်​ဦးမြို့မှ ရပ်​ကျေးအုပ်​ချုပ်​ရေးမှူးများ နှုတ်​ထွက်​လိုက်​ပြီး စတင်​ခဲ့ကြခြင်းဖြစ်​ကာ ရခိုင်​ပြည်​နယ်​ မြို့နယ်​အများစုတို့တွင်​ ပြုလုပ်​လာနေသည်​ကို တွေ့ရသည်​။

Leave a Reply