ရဲအုပ်တစ်ဦးကို လိုင်စင်မဲ့ကားကိစ္စဖြင့် ဖမ်းဆီးအရေးယူ

0
189

ရန်ကုန် ၊ ဇန်န၀ါရီ ၁၂၊ ၂၀၁၈

ကရင်ပြည်နယ်၊ဘားအံမြို့နယ်အိန္ဒုစခန်းအနီးရှိ တံတားရဲကင်းတွင် ဇန်နဝါရီ၁၁ရက်၊ ညနေ၃နာရီခန့်တွင် ပေါင်မြို့နယ် ရဲစခန်းမှ ရဲအုပ်သက်စိုးဦးအားလိုင်စင်မဲ့ယာဉ်တင်သွင်းမှုဖြစ်ဖမ်းဆီးအရေးယူထားကြောင်း ဘာအံခရိုင် ရဲတပ်ဖွဲ့မှသိရသည်။

‘ည၇နာရီလောက်မှာ အမှုဖွင့်တယ်။ ကားပိုင်ဆိုင်မှုအထောက်အထား ဘာမှမပါဘူး။ ကားက4N-3122 Crownအမျိုးအစားပါ”ဟု ဘာအံခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှဒုရဲမှူးအောင်ဇော်ဝင်းမှပြောသည်။

ဘာအံမြို့နယ်တွင်းရှိ ဇာသပြင်တံတားကင်းတွင် ဒုရဲမှူးရဲထွဋ်ဦး ဦးစီးသော အဖွဲ့သည် တံတားရဲကင်းတွင် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွှက်နေစဉ် ပေါင်ရဲစခန်းမှ ရဲအုပ်သက်စိုးဦး မောင်းနှင်လာသော ယာဉ်ကို တံတားကင်းတွင် စစ်ဆေးရာ အထောက်အထား တစ်စုံတစ်ရာ ပြနိုင်ခြင်းမရှိသည့်အတွက်ဖမ်းဆီးအရေးယူထားကြောင်း ဒုရဲမှူးအောင်ဇော်ဝင်းပြောပြချက်အရသိရသည်။

အဆိုပါဖြစ်စဉ်ကိုပေါင်မြို့နယ်ရဲစခန်းမှရဲအုပ်သက်စိုးဦးအားဘာအံမြို့မ ရဲတပ်ဖွဲ့စခန်းတွင် (ပ)၈၀/၂၀၁၈ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၈ဖြင့်အမှုဖွင့်အရေးယူထားကြောင်းနှင့်၎င်း၏ နေအိမ်ဖြစ်သော ပေါင်မြို့နယ် ကျွဲခြံကျေးရွာမင်းလမ်း အိမ်အမှတ်(၉)တွင် ford Ranger အဖြူရောင် ကားအားပေါင်ရဲစခန်းမှူး ဒုရဲမှူးထွန်းဇော်ဦးနှင့် အဖွဲ့မှ ထိုနေ့ညနေ ၅နာရီကျော်အချိန်တွင် စစ်ဆေးရာ ရဲအုပ်သက်စိုးဦး၏ ကားဖြစ်ကြောင်း ယာဉ်င်္မောင်းသူ မင်းအောင်မြင့်မိုးက အစစ်ခံချက်အရ ၄င်းတို့ကိုပေါင်ရဲစခန်း(ပ)၁၁/၂၀၁၈ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈အရအရေးယူထားကြောင်းဆက်လက်သိရသည်။

မြတ်ဟိန်းကျော်

Leave a Reply