ကင်ဂျုံနမ်အသတ်ခံရမှုနဲ့ဖမ်းခံထားရတဲ့အင်ဒိုနီးရှားအမျိုးသမီး ပြန်လွတ်

0
24

မတ် ၁၁
နိုင်ငံတကာသတင်း

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ဖအေတူမအေကွဲညီအစ်ကို ကင်ဂျုံနမ်အသတ်ခံခဲ့ရတဲ့ဖြစ်ရပ်နဲ့ ဆက်စပ်နေတယ်ဆိုပြီး စွပ်စွဲခံထားရတဲ့အင်ဒိုနီးရှားအမျိုးသမီးကို စွဲချက်ပြန်ရုတ်သိမ်းပြီး လွှတ်ပေးလိုက်ပါတယ်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက မလေးရှားနိုင်ငံမြို့တော်ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံနမ်ရဲ့မျက်နှာကို VXအာရုံကြောအဆိပ်နဲ့ ဖြန်းခဲ့တယ်ဆိုပြီး ဆီတီ အာအစ်ယာကို စွပ်စွဲထားတာပါ။
သူနဲ့ ဗီယက်နမ်အမျိုးသမီး ဒုံသီဟောင်တို့က လူသတ်မှုနဲ့စွပ်စွဲခံထားရတာကို ငြင်းဆိုထားပြီး သူတို့က ရုပ်သံဟာသအစီအစဉ်တစ်ခုမှာ ပါနေတယ်လို့ ထင်ခဲ့တယ်ဆိုပြီး ပြောပါတယ်။

တကယ်လို့ အပြစ်ရှိတယ်ထင်ရှားရင် အာအစ်ယာက သေဒဏ်ကျခံရနိုင်ပါတယ်။

အကြောင်းပြချက်မပေးဘဲနဲ့ မလေးရှားအစိုးရရှေ့နေတွေက လူသတ်မှုစွဲချက်ကို လျှော့ပေါ့ပေးဖို့ တောင်းဆိုခဲ့တာပါ။

တရားသူကြီးကလည်း တောင်းဆိုချက်ကို အတည်ပြုခဲ့ပြီး ဆီတီ အာအစ်ယာ လွတ်လပ်ပြီလို့ ပြောပါတယ်။

ဒုံသီဟောင်ကတော့ ဒီနေ့တရားရုံးမှာ ပထမဆုံးသက်သေထွက်ချက်ပေးတဲ့ ထုတ်ပြန်ချက်တစ်စောင်ဖတ်ကြားမယ်လို့မျှော်လင့်ရပါတယ်

ဒီဖြစ်ရပ်ရဲ့နောက်ကွယ်မှာ သူတို့မရှိဘူးလို့ မြောက်ကိုရီးယားဘက်ကပြောပေမဲ့ ကင်ဂျုံနမ်အသတ်ခံရပြီးနောက်တစ်နေ့မှာ မလေးရှားကနေထွက်ပြေးသွားတဲ့ မြောက်ကိုရီးယားနိုင်ငံသားလို့ယူဆရတဲ့လူ ၄ ဦးကိုလည်း တရားစွဲထားပါတယ်။

အဲဒီလေးဦးကို နိုင်ငံတကာရဲတပ်ဖွဲ့က အနီရောင့်အဆင့်သတိပေးချက်ထုတ်ပြီး နိုင်ငံတကာဝရမ်းထုတ်ထားပါတယ်။

ကင်ဂျုံနမ်ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်လာနိုင်တယ်လို့ မျှော်မှန်းခဲ့ဖူးတာတွေရှိပေမဲ့ သူ့ဖခင် ကင်ဂျုံအီသေဆုံးခဲ့ပြီးနောက် သူ့ရဲ့ညီအစ်ကို ကင်ဂျုံအွန်က မြောက်ကိုရီးယားခေါင်းဆောင်ဖြစ်လာပါတယ်။

မိသားစုနဲ့ဝေးတဲ့ကင်ဂျုံနမ်က မြောက်ကိုရီးယားနိုင်ငံကို သူတို့မျိုးဆက်ကပဲ အုပ်ချုပ်နေတာကို ဆန့်ကျင်ပြောဆိုခဲ့ဖူးပြီး ကင်ဂျုံအွန်က ခေါင်းဆောင်အရည်အချင်းကင်းမဲ့တယ်လို့ ပြောခဲ့တယ်ဆိုပြီး ၂၀၁၂ ခုနှစ်ထုတ် စာအုပ်တစ်အုပ်မှာ ဖော်ပြပါတယ်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူလေဆိပ်မှာ ကင်ဂျုံနမ်ရဲ့မျက်နှာကို စွပ်စွဲခံထားရတဲ့အမျိုးသမီးနှစ်ယောက်ကထိခဲ့ပြီး သူတို့ပြန်ခွာသွားပြီး မကြာခင် ကင်ဂျုံနမ်သေဆုံးခဲ့ပါတယ်။

အမျိုးသမီးနှစ်ဦးလုံးက လူတွေရဲ့မျက်နှာကို ရေနဲ့ဖြန်းတဲ့ရုပ်သံဟာသအစီအစဉ်တစ်ခုမှာပါဝင်ခဲ့တာလို့ ထင်မိခဲ့တယ်ဆိုပြီး တရားရုံးမှာထွက်ဆိုထားပါတယ်။

Source-BBC
#ဥက္ကာ
#TheFifthWaveNews

Leave a Reply