NBA London မှာ လူစုံခဲ့တဲ့ ဘောလုံးသမားများ

0
218

ဇန်န၀ါရီ ၁၂ ၊၂၀၁၈

ပြီးခဲ့တဲ့ ကြာသပတေးညက လန်ဒန်မှာ ကျင်းပခဲ့တဲ့ Boston Celtics အသင်းနဲ့ Philadelphia 76ers အသင်းတို့ရဲ့ ဘတ်စကပ်ဘောပွဲစဉ်ကို အင်္ဂလန်ပရီးမီးယားလိဂ်က နာမည်ကြီး ဘောလုံးသမားတွေ တက်ရောက်အားပေးခဲ့ကြပါတယ်။

အဆိုပါ ပွဲစဉ်မှာ Boston Celtics အသင်းဟာ Philadelphia 76ers အသင်းကို ၁၁၄ – ၁၀၃ နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

လန်ဒန်မြို့ရဲ့ O2 Arena ကွင်းမှာ ကျင်းပခဲ့တဲ့ အဆိုပါဘတ်စကပ်ဘော ပြိုင်ပွဲကို မန်စီးတီးအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်း ၊ ဂမ်ဒိုဂန် နဲ့ စတာလင်းတို့ တက်ရောက်ကြည့်ရှု့ခဲ့ကြပါတယ်။ဒါ့အပြင် မန်စီးတီး ကစားသမားတွေဖြစ်ကြတဲ့ ဘင်ဂျာမင် မန်ဒီ လည်း တက်ရောက် ခဲ့ပါတယ်။

မန်စီးတီးကွင်းလယ်လူ ဒီဘရိုင်းဟာ သူ့ရဲ့ တစ်နိုင်ငံတည်းက ကစားဖော်တွေဖြစ်ကြတဲ့ ချယ်လ်ဆီးကွင်းလယ်လူ ဟာဇက် ၊ ဂိုးသမား ကော့တွိုက်တို့နဲ့အတူ ပျော်ရွှင်စွာ လာရောက်ကြည့်ရှု့ခဲ့ကြပါတယ်။

ဒါ့အပြင် ချယ်လ်ဆီးတိုက်စစ်မှူး မိုရာတာ ၊ ပီထရို ၊ မာကိုအလွန်ဆို တို့လည်း လာရောက်ခဲ့သလို အာဆင်နယ်ကစားသမားများ ဖြစ်ကြတဲ့ ဘယ်လာရင် ၊ မူဆာဖီ ၊ ဂီရော့စ် တို့လည်း တက်ရောက်ခဲ့ကြပါတယ်။

မန်ယူအသင်းရဲ့ နည်းပြဟောင်း ဖာဂူဆန် ၊ ချယ်လ်ဆီးကစားသမား မိုက်ကယ်ဘောလက် စတဲ့ ဘောလုံးလောကရဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေ လည်း အဆိုပါပွဲမှာ တက်ညီလက်ညီ ဆုံဆည်းခဲ့ကြတဲ့အတွက် လန်ဒန်NBA ပြိုင်ပွဲဟာ နာမည်ကျော် ဘောလုံးသမားတွေ အစုံအလင် တက်ရောက်ခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်လာခဲ့ပါတယ်။

NN

Leave a Reply