ဘင်္ဂါလီတွေကို နေရာပြောင်းရွှေ့ချထားတဲ့အစီအစဉ်ကြောင့် အကြပ်အတည်းတွေ့နိုင်တယ်လို့ ကုလသမဂ္ဂသတိပေး

0
52

မတ် ၁၂
နိုင်ငံတကာသတင်း

ဆိုင်ကလုန်းတွေမကြာခဏဖြစ်လေ့ရှိပြီး လူမနေတဲ့ကျွန်းတစ်ကျွန်းမှာ ဘင်္ဂလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) ဒုက္ခသည် ၂၃၀၀၀ ကို လာမယ့်ဧပြီလမှာ နေရာပြောင်းရွှေ့ချထားမယ့်အစီအစဉ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အကြပ်အတည်းတစ်ခုဖြစ်လာနိုင်တာကို ရင်းပြီးဖန်တီးနေတယ်လို့ ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံလူ့အခွင့်အရေးအထူးအစီရင်ခံစာတင်သွင်းသူ ယန်ဟီလီက သတိပေးပါတယ်။

ပြောင်းရွှေ့နေရာချထားပေမယ့် ဘာရှန်ချာကျွန်းကိုမကြာသေးခင်ကသွားခဲ့တဲ့လီက တနင်္လာနေ့တုန်းက ဂျီနီဗာမှာရှိတဲ့လူ့အခွင့်အရေးကောင်စီကို ဘင်္ဂလားပင်လယ်အော်ထဲက အဲဒီကျွန်းက လူနေလို့ရ၊ မရ မသေချာဘူးလို့ ပြောခဲ့တာပါ။

ဒုက္ခသည်တွေရဲ့သဘောဆန္ဒမပါတဲ့ မပြည့်စုံတဲ့ပြောင်းရွှေ့နေရာချထားရေးအစီအစဉ်တွေဟာ အကြပ်အတည်းအသစ်တစ်ခုကို ဖန်တီးနိုင်တဲ့အလားအလာရှိတယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဒုက္ခသည်တွေ အဲဒီကျွန်းမှာ ပိတ်မိနိုင်ပြီးတော့ နေရေးထိုင်ရေးအခွင့်အလမ်းအနည်းအကျဉ်းပဲရှိတယ်လို့ ဘင်္ဂလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား)အရေးလှုပ်ရှားသူတွေကတော့ ပြောပါတယ်။

၂၀၁၇ ခုနှစ်က အာဆာစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုတွေနောက်ပိုင်း မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေလုပ်ခဲ့လို့ ဘင်္ဂလီ ၇၃၀၀၀၀ ကျော် ဘင်္ဂလားဒေ့ရှ်ဘက်ထွက်ပြေးခဲ့တယ်လို့ ကုလသမဂ္ဂစာရင်းတွေအရ သိရပါတယ်။

ဒုက္ခသည်တွေရဲ့ငြင်းဆိုမှုတွေရှိနေပေမဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြထား) တစ်သိန်းလောက်ကို အဲဒီကျွန်းဆီရွှေ့ပြောင်းဖို့မျှော်လင့်နေပြီး ဒုက္ခသည်စခန်းတွေက ဖိအားတွေသက်သာစေလိမ့်မယ်လို့ ပြောထားပါတယ်။

Source-Aljazeera

#ဥက္ကာ
#TheFifthWaveNews

Leave a Reply