ဝဲလ်ကော့စ်ကို စိတ်ဝင်စားနေတဲ့ ဆမ်အလာဒွိုက်

0
156

ဇန်န၀ါရီ ၁၂ ၊ ၂၀၁၈

အဲဗာတန်အသင်းရဲ့ နည်းပြ ဆမ်အလာဒွိုက်ဟာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်မှူး သီအိုဝဲလ်ကော့စ်ကို ပြောင်းရွှေ့ကြေး ပေါင်း ၂၀ နဲ့ ခေါ်ယူချင်တယ်လို့ တရားဝင် ပြောကြားလိုက်ပါတယ်။

အလာဒွိုက်ဟာ တူရကီတိုက်စစ်မှူး ဆင့်တူဆမ်ကို ကနဦး ခေါ်ယူထားပြီး အသင်းရဲ့ တိုက်စစ်အတွက် ၀ဲလ်ကော့စ်ကို ထပ်မံခေါ်ယူချင်နေတာ ဖြစ်ပါတယ်။

“သီအိုကို ကျွန်တော်တို့တွေ စိတ်ဝင်စားပါတယ်။သူ့ကိုသာ ရမယ်ဆိုရင် အားရစရာတွေ ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် ဆွေးနွေးမှုတွေ လုပ်ဖို့ ပြင်ဆင်နေပါတယ်”လို့ အဲဗာတန်နည်းပြ ဆမ်အလာဒွိုက်က ဆိုပါတယ်။

ဝဲလ်ကော့စ်ဟာ အာဆင်နယ်အသင်းရဲ့ အမ်းမရိတ် ကွင်းကနေ ထွက်ခွာဖို့ သတင်းထွက်နေပြီး အသင်းမှာ ပုံမှန်နေရာ ရရှိဖို့အတွက် ရုန်းကန်နေရ သူလည်း ဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး ဂီရော့စ် ဒူးကောက်ကြောဒဏ်ရာ ရရှိခဲ့ချိန်နဲ့ တိုက်စစ်မှူး ၀ဲလ်ဘက်တို့ ဒဏ်ရာရရှိချိန်တွေမှာသာ ၀ဲလ်ကော့စ်အနေနဲ့ အာဆင်နယ်အတွက် ပွဲထွက်ခွင့် ရရှိခဲ့ပြီး ကျန်အချိန်တွေမှာတော့ အသင်းရဲ့ အရန်ခုံမှာသာ အချိန်ကုန်နေခဲ့ရပါတယ်။

သူဟာ အာဆင်နယ်အသင်းကို ရောက်ရှိခဲ့တာ ၁၂ နှစ်နီးပါး ရှိခဲ့ပြီဖြစ်ပြီး ဆောက်သမ်တန်လူငယ်ကစားသမားဘ၀မှာ အာစင်ဝင်းဂါးက ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

ဝဲလ်ကော့စ်အနေနဲ့ အာဆင်နယ်ကို စွန်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက်မှာ အသင်းဟောင်း ဆောက်သမ်တန်နဲ့ အဲဗာတန်တို့က အလိုရှိနေကြပါတယ်။

သူဟာ အသက် ၂၈ နှစ်ရှိပြီဖြစ်ပြီး အာဆင်နယ်နဲ့အတူ ၂၀၁၉ အထိ စာချုပ်သက်တမ်း ကျန်ရှိထားပါတယ်။ အာဆင်နယ်အတွက် ပွဲပေါင်း ၃၉၆ ပွဲ ၀င်ရောက် ကစားထားပြီး ၁၀၈ ဂိုး သွင်းယူပေးထားပါတယ်။

NN

Leave a Reply