ပြန်လည်လက်ခံမည့် ဘင်္ဂါလီများကို မြန်မာနိုင်ငံသို့ ပြန်မ၀င်နိုင်ရန် ARSA က ဆူပူမှုများလုပ်ရန်ရှိ ဟု သတင်းမီဒီယာကောင်စီပြော

0
333

ရန်ကုန် ၊ ဇန်န၀ါရီ ၁၂ ၊ ၂၀၁၈

ရခိုင်ပြည်နယ်အတွင်းသို့ ဘင်္ဂလားဒေရှ်နိုင်ငံမှ ပြန်လည်ဝင်လာမည့် ဘင်္ဂါလီများပြန်မ၀င်နိုင်အောင် တားရန်အတွက် ARSA မှ ဆူပူမှုများပြုလုပ်ရန်ရှိနေကြောင်း မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များ ကပြောသည်။

“ကျွန်တော်တို့သိရသလောက် စုံစမ်းခဲ့ရသလောက် သက်ဆိုင်ရာဌာန က ပုဂ္ဂိုလ်တွေရဲ့အပြောအရရော ဒီနယ်မြေထဲမှာ အစ္စလာမ်မစ် တွေ တစ်စိတ်တစ်ဒေသရောက်နေပါတယ်။ ARSA နဲ့ပေါင်းပြီးတော့ ပြန်ပြီးတော့ဆူပူလှုပ်ရှားဖို့ ဘင်္ဂါလီတွေပြန်မ၀င်နိုင်အောင် တားဖို့ ရည်ရွယ်ချက်နဲ့ ဒီရက်ပိုင်းအတွင်းမှာ ဆူမယ်ဆိုတာကို သတင်းရတယ်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင် ဦးအုန်ကြိုင် ကပြောသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခဖြစ်ပွားရာနေရာသို့ ဇန်န၀ါရီလ ၆ ရက်နေ့ မှ ၁၀ ရက်နေ့အထိ ကွင်းဆင်းလေ့လာရာတွင် အစိုးရ ၊ ရဲတပ်ဖွဲ့ နှင့် တပ်မတော်မှ အကြီး အကဲများနှင့် တွေ့ဆုံခဲ့ပြီးနောက် ၄င်းတို့၏ ပြောပြချက်များအရ သုံးသပ်ပြောဆိုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ရခိုင်ဒေသအခြေစိုက် သတင်းသမားတစ်ဦးဖြစ်သူ ဦးခိုင်မြတ်ကျော် ကပြောသည်။

“ARSA အဖွဲ့ကနောက်ထပ်တိုက်မယ်မတိုက်ဘူးဆိုတာကို ကျွန်တော်တို့စစ်တပ်ကလူကြီး တွေနဲ့လည်း ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။တကယ်တာဝန်ရှိတဲ့လုံခြုံရေးအရာရှိတွေနဲ့လည်းကျွန်တော်တို့တွေ့ခဲ့ပါတယ်။ တွေ့တဲ့အခါမှာ အဲဒီ ARSA အဖွဲ့က ဘင်္ဂလားဒေရှ့်နယ်စပ်မှာ သင်တန်းတွေလုပ်နေတယ် ဆိုတာကို တိတိကျကျသတင်းရထားတယ်။ ကျွန်တော်တို့ကိုပြောပါတယ်။ အဲ့ဒါကြောင့်မို့ ကျွန်တော်တို့က ARSA ရဲ့ တိုက်ခိုက်မှုက ဆက်လက်ဖြစ်နိုင်တယ်လို့ကျွန်တော်တို့ကပြောတာဖြစ်ပါတယ်။ ဒီစကားတွေကကျွန်တော်တို့စိတ်ကူးအထင်နဲ့ပြောနေတာတွေမဟုတ်ပါဘူး။ စစ်တပ်က တပ်မတော်ပိုင်းက တကယ် တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ရဲတပ်ဖွဲ့ကရော နယ်ခြားစောင့်တပ်ဖွဲ့ကရော တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ တွေခဲ့ပါတယ်။သူတို့မှာ သတင်းအချက် အလက် သတင်းအရင်းအမြစ်တွေအကုန်ရှိပါတယ်။ဘယ်နေရာမှာ ဘယ်လောက်သင်တန်းလုပ်နေတယ်။ လက်နက် ဘယ်လောက် တပ်ဆင်ထားတယ်။ဆိုတာ သတင်းရပြီးသားပါ။ဒါကြောင့် ကျွန်တော်တို့က ARSA ရဲ့ တိုက်ခိုက်မှုတွေက ပြန်ပြီးပေါ်လာနိုင်တယ် လို့ သုံးသပ်ပြောဆိုရတာပါ။” ဟု ၄င်းကပြောသည်။

ဘင်္ဂလားဒေရှ့် နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် ဘင်္ဂါလီများကို ယခုလ ၂၃ ရက်နေ့၌ ပြန်လည် လက်ခံ ရာတွင် ကုန်းလမ်းမှ ဝင်လာမည့်သူများအား ရခိုင်ပြည်နယ်မြောက်ပိုင်းအစွန်ရှိ တောင်ပြိုလက်ဝဲစခန်း နှင့် ရေလမ်းမှ ဝင်လာမည့်သူ များကို ငါးခူရစခန်းတွင် စစ်ဆေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထိုသို့ စစ်ဆေးပြီးလက်ခံပြီးသူများအား နယ်စပ် ဒေသလုံခြုံရေးအတွက် စီမံကွပ်ကဲ သည့်ဌာနချုပ်များရှိသည့် ကြီးကန်းပြင်၊ ကြိမ်ချောင်းနှင့် ငါးမိုင်ခန့် အကွာရှိသော လှဖိုးခေါင်စခန်းတွင် ထပ်မံစစ်ဆေးမှုများ ပြုလုပ်ကာ ဘင်္ဂါလီများကို ၄င်းတို့၏မူလနေရာ သို့မဟုတ် အသင့်နေရန် ဆောက်လုပ်ပြီး အဆင်သင့်ရှိသော အိမ်များတွင် နေရာချထားပေးရန် စီစဉ်ထားမှုများကို သိရှိရကြောင်း သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးအုန်းကြိုင်ကပြောသည်။

ဖြိုးဖြိုး

Leave a Reply