အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်း အကောင်အထည်ဖော်ခွင့် ကန့်ကွက်သည့် ကျေးရွာဒေသခံများ မြို့နယ်တရားရုံးကို အယုံအကြည်မရှိသည့်အတွက် အမှုဆက်လက်ရင်ဆိုင်မည်မဟုတ် ဟုဆို

0
169

မတ် ၁၃
ကိုလူသစ်

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့၊ အောင်သပြေကျေးရွာရှိ အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန် ခွင့်ပြုခဲ့သည့်အတွက် ကန့်ကွက်မှုများလုပ်ဆောင်ခဲ့သော တရားစွဲခံဒေသခံကျေးရွာသားများအနေဖြင့် မြို့နယ်တရားရုံး၏တရားစီရင်မှုအပေါ်အယုံအကြည်မရှိသည့် အတွက်ဟုဆိုကာ အမှုကိုဆက်လက်ရင်ဆိုင်တော့မည်မဟုတ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးရွှေအုန်းက ပြောကြားသည်။

“ဒီနေ့မှာဘဲ ငြိမ်းစုစီပုဒ်မ ၁၉ကို ကျွန်တော်တို့က အကြောင်းကြားပြီးမှလုပ်တဲ့ဟာကို အမှုဖွင့်တဲ့ကိစ္စမှာယုံကြည် မှုမရှိတဲ့အတွက်ကြောင့်မို့လို့ ဒီနေ့တရားရုံးအမိန့်ချမယ့်နေရာကိုမသွားတော့ဘူး။ကျွန်တော်တို့သပိတ်မှောက် လိုက်တာပေါ့။စွဲထားတဲ့အမှုတွေအားလုံးကို ဆက်ပြီးမရင်ဆိုင်တော့ဘူး” ဟု ဒေသခံကျေးရွာသားတစ်ဦးဖြစ်သူ ဦးရွှေအုန်းက ပြောကြားသည်။

ယင်းသို့တရားရင်ဆိုင်ရန်အတွက် တရားရုံးအပေါ်ယုံကြည်မှု မရှိခြင်းသည် ပြီးခဲ့သည့်လပိုင်းအတွင်းက အယ်လ်ဖာဘိလပ်မြေ ကုမ္ပဏီဘက်မှ အောင်သပြေကျေးရွာဆိုင်း ဘုတ်အားဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည့်အတွက်ဟု ဆိုကာ ဒေသခံများကကုမ္ပဏီတာဝန်ရှိသူများကို တရားစွဲဆိုမှုပြုလုပ်ခဲ့ရာတွင် တရားရုံးက ယင်းအမှုတွင် ကုမ္ပဏီနှင့်အုပ်ချုပ်ရေးမှူးတို့ပါဝင်သည့်အဖွဲ့မှ ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် အပြစ်မရှိကြောင်းဆုံးဖြတ်ခဲ့ သော်လည်း အယ်လ်ဖာဘိလပ်မြေစီမံကိန်း ကိစ္စအပေါ်အကောင် အထည်ဖော်ခြင်းမပြုရန် တားဆီးမှုအပေါ်တွင် တရားရုံးက တားဆီးပိတ်ဆို့မှုဖြင့် ထောင်ဒဏ်တစ်လချမှတ်ခဲ့ခြင်းကြောင်း မြို့နယ်တရားရုံးအပေါ် အယုံအ ကြည်မရှိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးအုန်းရွှေက ဆက်လက်ပြောကြားသည်။

“ပြီးခဲ့တဲ့လပိုင်းကမှ ကျွန်တော်တို့ကျေးရွာမှာရှိတဲ့ဆိုင်းဘုတ်ကို ကုမ္ပဏီဘက်ကနေ့ဖျက်ဆီးလိုက်တဲ့အတွက် ကျွန်တော်တို့တရားစွဲထားတာ။ကုမ္ပဏီဘက်ကိုတရားစွဲထားတဲ့ကိစ္စကျတော့ လုံးဝကို မြို့နယ်တရားသူကြီး(၂) က ဤအမှုဟာ ကုမ္ပဏီနှင့်အုပ်ချုပ်ရေးမှူးတို့ကလုပ်တဲ့အတွက်အပြစ်မရှိကြောင်းဆိုပြီး သူတို့ကိုအပြစ်ကနေ လွှတ်လိုက်တယ်။ကျွန်တော်တို့ကျတော့ တားဆီးပိတ်ဆို့မှုနဲ့ထောင်က တစ်လချပြီးပြီ။အဲ့ဒိကိစ္စတွေနဲ့ပတ်သက် ပြီးတော့ မြို့နယ်တရားသူကြီးတွေရဲ့သုံးသပ်ချက်က မမှန်ကန်ဘူး။ကျွန်တော်တို့ပြည်သူတွေကို မတရားဖိအား ပေးတယ်လို့ ကျွန်တော်တို့အဲ့လိုခံယူထားလို့” ဟု ဦးအုန်းရွှေက ပြောကြားသည်။

ထိုသို့တရားရုံးအပေါ်အယုံအကြည်မရှိသည့်အတွက် ယနေ့မတ် ၁၃ရက်တွင် ငြိမ်းစုစီပုဒ်မ ၁၉ဖြင့် ဒေသခံ ၅ ဦးအပေါ်တရားစွဲထားသည့်အမှုအမိန့်ချမှတ်မည့်အချိန်၌ တရားရုံးသို့သွားရောက်ခြင်းမပြုဘဲ စတင်ကန့်ကွက် ခြင်းဖြစ်ကြောင်းသိရသည်။

ထို့ပြင် မတ် ၁၅ ရက်တွင် တရားရင်ဆိုင်ရမည့် ပုဒ်မ ၁၉ဖြင့်တရားစွဲဆိုခြင်းခံထားရသည့်အမှု ၊ပုဒ်မ ၂၂ ဖြင့် တရားစွဲခြင်းခံထားရသည့်အမှုတို့အပြင် အချုပ်ဖြင့်တရားရင်ဆိုင်နေရသော ပုဒ်မ ၂၃ဖြင့်တရားစွဲဆိုထားသည် အမှုရုံးချိန်းများတွင်လည်း သွားရောက်ခြင်းမရှိဘဲဆက်လက်သပိတ်မှောက်သွားမည်ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါ အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းအကောင်အထည်ဖော်ရန်နှင့်ပတ်သက်၍ အောင်သပြေကျေးရွာ၊ ဒေသခံများက ကန့်ကွက်မှုများပြုလုပ်လျှက်ရှိသည့်အပြင် စီမံကိန်းကိုခွင့်ပြုခဲ့သည့် တိုင်းဒေသကြီးအစိုးရနှင့် တိုင်းလွှတ်တော်ဥက္ကဌတို့ကို အရေးယူပေးရန် ရန်ကုန်မြို့၊ဗဟန်းမြို့နယ်ရှိ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ရုံးချုပ်သို့ မတ် ၁၁ရက်တွင် ဒေသခံကျေးရွာသူ၊ကျေးရွာသားများက တိုင်ကြားမှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

အယ်လ်ဖာဘိလပ်မြေစက်ရုံစီမံကိန်းကို သက်ဆိုင်ရာက ဧကပေါင်း ၆၁၂ ဧကထုတ်လုပ်ခွင့်ပြုထားပြီး စက်ရုံဧက မှာ ၂၁၁ဧကရှိကြောင်းနှင့်ယင်းစီမံကိန်းအားကန့်ကွက်ဆန္ဒထုတ်ဖော်မှုကြောင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီး ဌာနမှမြို့ပြအင်ဂျင်နီယာဒေါ်မင်းမင်းမြင့်က ဒေသခံ ၄ဦးကို လမ်းတံတားဥပဒေ ပုဒ်မ ၂၂ဖြင့်တရားစွဲဆိုထားပြီး ၃ဦးမှာလက်ရှိတွင်အချုပ်သားအဖြစ်အမှုရင်ဆိုင်နေရကြောင်းနှင့် အသက် ၈၀ကျော်ခန့်အဖွားအိုတစ်ဦး ကိုမူအာမခံဖြင့်တရားရင်ဆိုင်ခွင့်ပြုထားကြောင်းသိရသည်။

လက်ရှိတွင် အောင်သပြေကျေးရွာဒေသခံ ၇ဦးကို ငြိမ်းစုစီပုဒ်မ ၁၉ဖြင့်လည်းကောင်း၊ လမ်းတံတား ဥပဒေ ပုဒ်မ ၂၂ ဖြင့် ဒေသခံ ၇ ဦးအားလည်းကောင်း၊ ပြစ်မှူဆိုင်ရာ ဥပဒေ ပုဒ်မ ၃၅၃ဖြင့် ဒေသခံတစ်ဦး၊စုစုပေါင်း ၂၄ ဦးမှာ မန္တလေးတိုင်းဒေသကြီး ၊ပုသိမ်ကြီးမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားခြင်းကြောင့် အမှုရင်ဆိုင်လျက်ရှိကြောင်းသိရသည်။

Leave a Reply